ဆဲဗန်းတီး

440 89 62
                                    

ပတ်ခ်ဂျီမင်တစ်ယောက် အဲဒီနေရာကထွက်လာပြီး သူတို့နားနေဆောင်ကိုပြန်တဲ့လမ်းတစ်လျှောက်လုံး သူ့ကိုချီးကျူးမပြီးဖြစ်နေသည်။ လက်မတထောင်ထောင်တင်မကပဲ ခြေမပါထောင်ပြချင်ကြောင်းဆက်တိုက်ပြောနေတာဖြစ်၍ သူမနည်းတားထားရသည်။

 အဲဒီနေရာမှာတုန်းက သူကဘယ်လောက်မိုက်ကြောင်း အရမ်းကိုဟော့ကြောင်း သူတောင်လန့်သွားကြောင်း အားလုံးလည်းထိတ်လန့်ကုန်ကြကြောင်း ဟိုမိန်းမလည်း သွေးပျက်နေတော့မှာဖြစ်ကြောင်း စုံစုံလင်လင်ကိုပဲ

သူ့ရဲ့ဘယ်တုန်းကမှထုတ်မပြဖူးသေးတဲ့ပုံစံက တစ်ယောက်ယောက်ကိုကာကွယ်ပေးတာပဲ..
သူကငယ်ငယ်ကတည်းက သူ့ကိုယ်သူအရမ်းချစ်တတ်လို့နာမည်ကြီးတယ်လေ အဲလိုပဲ ကိုယ့်ကိုယ်ကိုပဲကာကွယ်နေကျဆိုတော့ သူ့ရဲ့ခုလိုပုံစံက ရှားပါးဖြစ်ရပ်ပဲ...

"ဒါနဲ့ဂျင် 

သူတို့နှစ်ယောက်အခန်းထဲကိုရောက်သည်နှင့် ဂျီမင်က သူ့လက်ကိုအတင်းဆွဲကာကုတင်ပေါ်ဆွဲခေါ်သွားသည်။ မောင်စပ်စုက သူ့ကိုအင်တာဗျူးဦးမှာ ကြိုသိနေတယ်....

"မင်းကဘယ်လိုဖြစ်လို့ဂျောင်ကုကို အဲဒီလောက်ကာကွယ်ပေးနေရတာလဲ

သူ့ကိုတရားခံတစ်ယောက်လို မှေးပြီးသားမျက်လုံးတို့ကို ပိုမှေးစင်းကာစိုက်ကြည့်ရင်းမေးနေသည့်ဂျီမင်...

"မသိရင် မင်းရည်းစားကိုစွပ်စွဲလို့ ရန်ထောင်နေတဲ့အတိုင်းပဲ အမယ် အကုန်ပြန်တောင်းပန်တာလိုချင်တယ်တောင်ပါလိုက်သေးတယ်
မှန်မှန်ပြောစမ်းမင်း ဘယ်တုန်းကမင်းတို့နှစ်ယောက်က ခုလောက်ချစ်သွားကြတာလဲ

"ရူးနေလား ငါတို့ကဘာလို့ချစ်ရမှာလဲ
ငါကလုပ်သင့်တာကိုလုပ်ခဲ့ရုံပဲ 

ဟုတ်လို့လားဆိုသည့်ပုံစံဖြင့် ပြီတီတီကြည့်နေသူကို ခေါင်းအုံးနဲ့ကောက်ထုကာ

"ဖယ်တော့ ငါအိပ်တော့မှာ ပင်ပန်းရတဲ့ကြားထဲအရေမရအဖတ်မရတွေ

"အမယ် အဖက်တောင်ရချင်နေပြီပေါ့လေ

သူပြောသည့်အဓိပ္ပာယ်ကိုသိရဲ့နဲ့ စကားကိုလက်တစ်လုံးကြားလှည့်ပြောနေသည့်သူကို အဖတ်လုပ်မနေတော့ပဲ လှဲအိပ်ဖို့ပြင်လိုက်တော့ သူ့ကိုအတင်းဆွဲထားပြန်သည့် တကောင့်သား 
အရပ်ပုသလောက် အတော်ရှည်တယ်လို့ပြောရင်လည်း ထမင်း၇ရက်လောက်မစားပဲစိတ်ကောက်ပြလိမ့်ဦးမယ်...

တဂျက်ဂျက်Where stories live. Discover now