"မွ ပြွတ် အွန်း
အချိန်တွေဘယ်လောက်ကြာသွားသည်မသိ နှုတ်ခမ်းထူတောင်အငိုတိတ်သွားပြီဖြစ်သည်။ မျက်ရည်တွေကြောင့် ငန်ကျိကျိအရသာကပါးစပ်ထဲမှာခံစားလိုက်ရပေမယ့် ခုများမှာတော့ ဘယ်ဆီဘယ်ဝယ်မှန်းတောင်မသိတော့..
နူးညံ့အိစက်သည့်အထိအတွေ့ကြောင့် အာရုံကြောတွေတုံ့ဆိုင်းသွားသလားပင်..
သူတို့နှစ်ယောက် နှုတ်ခမ်းတွေဖယ်ခွာလိုက်တဲ့အချိန်ထိကို ဘာမှမပြောနိုင်ကြပဲ တစ်ယောက်ကိုတစ်ယောက်သာကြည့်နေမိကြရင်းမှ ပြိုင်တူအကြည့်လွှဲလိုက်မိကြသည်။
ခုက ဘယ်လိုအခြေအနေလဲဆိုတော့ နေရခက်ပြီး စကားလုံးတွေပျောက်သည်။"ဟို ငါ .. ငါ မင်းငိုနေလို့..
"သိပြီ
သူဖြေရှင်းချက်ပေးချင်သော်လည်း အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်မို့ နှုတ်ခမ်းထူကသာ လေသံမာဖြင့်ဖြတ်ပြောလာသည်။ ပြီးတော့ သူ့ကိုကျောပေးကာဇာတ်ညွှန်းဖတ်နေသည်မို့ တစ်ယောက်တည်းနေလို့ရအောင် ထွက်လာခဲ့ပေးလိုက်တော့သည်...
ဂျွန်ဂျောင်ကုတော့ရူးနေပြီ ၊ ဟိုကဆွဲမထိုးလိုက်တာကံကောင်း..သူတို့ရိုက်ကူးရေးပြန်စကြတော့ နှုတ်ခမ်းထူက ပုံမှန်သာဖြစ်နေသည်။ အနည်းဆုံးတော့ သူ့ကိုရန်ထောင်မယ်ထင်ခဲ့တာကို ခုလိုဘာမှမတုံ့ပြန်တော့ သူနေရပိုခက်သည်။
နားလိုက်လို့ထင် ခုနကဘူပိတ်နေသည့်အခန်းအပြင် သုံးလေးခန်းလောက် ဆက်တိုက်ရိုက်ကူးလိုက်နိုင်ပြီမို့ ညနေစောင်းရောက်လုပြီ....ဂျီမင်နဲ့ထယ်ယောင်းက ဒီကားထဲမှာ မျက်နှာချင်းဆိုင်ရတဲ့အခန်းတွေသိပ်မပါ။
သူတို့နှစ်ယောက်က ပိုပြီးစခရင်တိုင်မ်းများသည်မို့ ပိုလည်းပင်ပန်းသည်။ဟန်မြစ်မှာရိုက်ကူးရမည့်အခန်းတွေအကုန်ပြီးသွားမှသာ သူတို့အားလုံး ရှူတင်သိမ်းလိုက်ကြသည်။ လေးယောက်လုံးကတော့ ပက်လက်လန်နေပြီ...
နှုတ်ခမ်းထူကိုတစ်ချက်တစ်ချက်လှမ်းကြည့်မိပေမယ့် ဒီနေ့ သူက အရမ်းတိတ်ဆိတ်နေသည်။
ကွန်ဒိုရောက်သည်အထိလည်း စကားတစ်ခွန်းမှမပြော..
ရောက်သည်နှင့်အခန်းကိုယ်စီကိုသာတောက်လျှောက်ဝင်ကြတဲ့သုံးယောက်ကြောင့် သူ့မှာ တစ်ယောက်တည်းလေလွင့်လူငယ်ဖြစ်နေရသည်...
YOU ARE READING
တဂျက်ဂျက်
Fanficမျက်ပြူးကများ လူကိုလာပြောချင်နေသေးတယ် မင်းကလည်းနှုတ်ခမ်းထူနေတာကို ဂုဏ်ယူမနေနဲ့ တစ်စက်လေးတောင်ကြည့်မကောင်းဘူးနော်