ထဝဲဗ်

416 80 21
                                    

ဂျင်ထထွက်သွားတော့ ဂျီမင်ကပါ ထွက်သွားသည်မို့ သူလည်းဂျောင်ကုနှင့်ယွန်းမီကိုလှော်ပေးချင်တာနဲ့ပဲထထွက်လာခဲ့လိုက်သည်။ ဒီနေ့က ဂျောင်ကုတို့ဆင်န်းတွေကပိုများမည်မို့ သူနဲ့ဂျီမင်ကတော့ သက်တောင့်သက်သာပင်။ ဘာမှလုပ်စရာထွေထွေထူးထူးမရှိတာနဲ့ တစ်ယောက်တည်းအေး‌ဆေးနှပ်ရန် အရိပ်ကောင်းကောင်းကိုလိုက်ရှာရင်းတွေ့လိုက်ရတာက ပတ်ခ်ဂျီမင်နှင့်လူစိမ်းတစ်ယောက်....
ဂျီမင်ကထိုလူစိမ်းကို နွားပွဲစားအမှတ်နှင့်သွားဖြီးပြနေတာဟာဆိုရင် တော်တော်လေးလှမ်းတဲ့သူတောင်သွားသုံးဆယ့်နှစ်ချောင်းလုံးမြင်ရသည်အထိ...
ထိုလူစိမ်းကလည်း စကားပြောရင်းဂျီမင့်နားကိုတဖြည်းဖြည်းကပ်သွားသည်။ထို့နောက် ဘာတွေပြောနေကြသည်မသိ နှစ်ယောက်သား ပါးစပ်မစိနိုင်ဖြစ်နေကြသည်။ အပြန်အလှန်အလေးပြုနေကြလွန်းလို့ ခေါင်းတွေတောင်မှအဝီစိရောက်နေလောက်ပြီ၊ 

"ဘာတုန်းဒီကောင် တပ်ထွက်လားခုမှ

သူတစ်ယောက်တည်းတွေးရင်း အနားကိုပိုတိုးသွားလိုက်တယ် ဘာတွေပြောနေလည်းဆိုတာကိုကြားရရန်ပင်။ ဂျီမင်က ဘယ်သူနဲ့ပဲဖြစ်ဖြစ်ရင်းနီးလွယ်သည် ကျောင်းမှာကတည်းက သူ့ကိုဆိုလူတကာကချစ်ကြသည်။ သူငယ်ချင်းဆိုပေမယ့် ကင်မ်ဆော့ဂျင်နှင့်မတူ ဂျင်ကမျက်နှာပေါက်ဆိုးပြီး စကားအပြောအဆိုလည်းမတတ်ပေမယ့် ဂျီမင်ကတော့ ဆိုရှယ်ဘတ်တားဖလိုင်းဟုပင်အမည်တွင်သည်ထိ....
ဒါကြောင့်ပဲသူစိတ်မချရတာပေါ့ ဂျင်လိုသာဆိုသူပူနေစရာကိုမလိုတာ။ 
သူအပင်တစ်ပင်ကိုအကွယ်ယူကာ အနီးကပ်ကြည့်လိုက်တော့ ဂျီမင့်ရဲ့ဇယားတွေထဲကမဟုတ်တာတော့သေချာသည်။
ခုမှအပြန်အလှန်မိတ်ဆက်ရင်း ရုပ်ရှင်အကြောင်းလည်းပြောနေကြသည်ဆိုတော့ ဟိုတခါဒါရိုက်တာပြောဖူးသည့်သူဖြစ်နိုင်သည်။ 

"ဟူး တော်ပါသေးရဲ့

လေပူတစ်ချက်နှင့်အတူ သက်မရှည်ကြီးကိုပါချလိုက်မိသည်။

သူတို့နှစ်ယောက်က အထက်တန်းကတည်းက တစ်ယောက်ကိုတစ်ယောက်မေတ္တာရှိခဲ့ကြပါရက်နဲ့ ဘယ်နေရာကမှားယွင်းသွားခဲ့သည်ကို သူကိုယ်တိုင်ပင်မသိပါပဲ လမ်းခွဲခံခဲ့ရတာဖြစ်သည်။ ထိုနေ့က သူ့ကိုရေနဲ့လောင်းပြီးထွက်ပြေးသွားတဲ့သူနောက်ကို သူလိုက်မသွားမိခဲ့ပါ။ လူကြားထဲမှာမို့ရှက်သွားခဲ့တာရော ငယ်သေးတဲ့အရွယ်မှာမို့ ဒေါသကိုမထိန်းနိုင်ခဲ့တာရောကြောင့် ပြသနာကိုအဖြေရှာပြီး သေချာဖြေရှင်းရမည့်အစား နောက်ပိုင်းမှာ သူဖြစ်စေချင်သလိုသာ ရန်သူတွေလိုပင်နေပေးခဲ့သည်။
အချိန်ကြာသွားရင်မေ့သွားမယ် ခံစားချက်တွေပျောက်ကွယ်သွားမယ်လို့မျှော်လင့်ခဲ့တာပဲလေ...
မြင်နေတွေ့နေ ချစ်နေပါရက်နဲ့ ဘယ်လိုများမေ့ဖျောက်နိုင်မလဲဆိုတာကိုတော့ သူမတွေးမိခဲ့...
သူနောင်တရမိချိန်မှာတော့ ဂျီမင်နဲ့သူက ပြန်လှည့်ဖို့မလွယ်တဲ့လမ်းတွေကိုကိုယ်စီရွေးချယ်ခဲ့ကြပြီးနေပြီ....
နှစ်ယောက်လုံး ရည်းစားတွေထည်လဲတွဲခဲ့ကြသလို ဇယားတွေဆိုတာလည်း အပြိုင်အဆိုင်ပင်...
အကြောင်းအရင်းတောင်မသိလိုက်ရပဲ လွဲပြီးရင်းလွဲခဲ့ကြတာက မာနတွေကြောင့်သာ...
တဖက်ဖက်ကလက်နက်ချလိုက်ရင်ပြီးသွားတော့မယ့်ပွဲမှန်းသိရက်နဲ့ သူရောဂျီမင်ပါမလုပ်နိုင်ခဲ့ကြပဲ သူတို့ရဲ့ချစ်ခြင်းကြိုးလေးဟာ မခိုင်မာသေးခင်မှာပင် ဖြတ်ချခံလိုက်ရသည်။

တဂျက်ဂျက်Where stories live. Discover now