တွမ်တိဆဲဗင်း

549 92 57
                                    

ဂျင်ဖျားလို့ပြုစုပေးရတဲ့အတော်အတွင်း ဂျင်နဲ့ဂျောင်ကုရဲ့ဆက်ဆံရေးက အတော်လေးကိုတိုးတက်လာတယ်။ အင်း.. အတိအကျပြောရရင် တစ်ပတ်တိတိ ဂျင့်အနားမှာကပ်နေပြီး လိုသမျှကိုကလေးတစ်ယောက်လိုအလိုလိုက်ဖြည့်ဆည်းပေးခဲ့တာ...
ဒီတပတ်က သူတို့တစ်သက်လုံးစာထက်ကိုပိုပြီးရင်းနီးလာသည်ဟုပြောရမည်...
အခုဆို သူတို့နှစ်ယောက်က အရင်လိုရန်ဖြစ်မနေတော့..ပုံမှန်ပဲလားဆိုတော့လည်း အဲလိုတော့မဟုတ်..
ခုအခြေအနေက ဘယ်လိုပြောရမလဲ ..
တစ်သက်လုံးရန်ဖြစ်နေကျသူတွေဆိုတော့ ခုလိုကြီး တည့်တည့်ရှိရှိနေကြရတော့ ကိုးယိုးကားယားကြီးပင်။ တခုခုဆိုတာနဲ့ ကန့်လန့်တိုက်ဖို့အသင့်ဖြစ်နေတဲ့ပါးစပ်ကိုထိန်းချုပ်ထားပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံနေသည်က နေရခက်မှုတွေတိုးစေသည်....

ခုက သူတို့တောင်ပေါ်ကိုတက်ရင်း ရိုက်ကူးရေးစနေပြီဖြစ်သည်။ နားရက်တွေလည်းတော်တော်ယူလိုက်ကာ တစ်ပတ်လုံး စားလိုက်အိပ်လိုက်အပြင်ကို ဂျောင်ကုကသူ့ကို အားဆေးတွေအတင်းတိုက်နေသေးတာမို့ ခုကျ လူက လုံးကစ်လေးဖြစ်နေသည်။ 
ဒါရိုက်တာကတောင်ပြောနေသည် ဇာတ်လမ်းထဲကဂျင်က သူချစ်ရတဲ့သူနဲ့နောက်ဆုံးအတူတူထွက်ဖြစ်တဲ့ခရီးမို့ ဝမ်းနည်းနေရမှာကို ဂျင်က လုံးကစ်ဖြစ်နေတော့ ဇာတ်သိမ်းပြောင်းလိုက်သင့်လားတဲ့လေ...

တကယ်ပဲ ဂျောင်ကုစုတ်က လူကိုတအားအလိုလိုက်ထားတာကိုး..
ဘယ်အခန်းတွေရိုက်ရမယ်ဆိုတာလည်းသိရက်နဲ့...
ဒါရိုက်တာကြီး ရိုက်ကူးရေးမှာပါလာတဲ့သူတွေဝိုင်းစကြတော့ သူက ဂျောင်ကုကိုတောင်စိတ်ကောက်မိလိုက်သေးသည်၊။ အဲလိုကျတော့လည်း ကလေးကိုချော့သလိုပင် သူကလိုက်ချော့သည်...
***ကျန်းမာရေးထက်အရေးကြီးတာဘာရှိလဲကွာ.. ဂျင်ကဒီလိုလေးနဲ့ပိုချစ်စရာကောင်းသွားလို့ဝိုင်းစကြတာပါ***တဲ့လေ...

သူကစကားပြောရင် အဲဒီလို လေသံပျော့လေးနဲ့ဆိုတော့ သူက ခါတိုင်းလိုဂျစ်တိုက်ဖို့မလုပ်နိုင်တော့ဘူးလေ..ဟွန့်....
ပြီးတော့သိလား သူက စကားနောက်က ကွာကွာနဲ့ထည့်သုံးနေတာက အသည်းယားစရာလေး..အီး...

တဂျက်ဂျက်Where stories live. Discover now