သာ့တိဖိုက်

796 69 24
                                    

မင်္ဂလာရှိတဲ့နေ့သစ်လေးမှာ ဂျောင်ကုနဲ့ဂျင်ကတစ်ခန်း ထယ်ယောင်းနဲ့ဂျီမင်ကတစ်ခန်းအတူတူနိုးထလာကြပါတယ်။ မနက်ခင်းအလင်းရောင်လေးက လှလှပပဖြန့်ကျက်နေပြီး တေးဆိုငှက်လေးတွေကလည်း အမေရိကန်အိုင်ဒေါအလား သာယာနာပျော်ဖွယ်ပင်။ ကွန်ဒိုအမြင့်ရဲ့မှန်နံရံတွေကိုကာရံထားသောလိုက်ကာစလေးတွေကြားကနေ တစွန်းတစပေါ်ထွက်နေတဲ့နေရောင်ခြည်နွေးနွေးဟာ ချစ်ရသူတွေရဲ့ရင်ကိုပါနွေးထွေးလှိုက်ခုန်စေပါတော့သည်။

ဂျောင်ကုနိုးလာတော့ ရင်ခွင်ထဲကလူသားလေးကိုအရင်ဆုံးမြင်ခွင့်ရတာဟာ မနက်ခင်းရဲ့သာယာခြင်းပါပဲ။ နေ့ရက်တိုင်းကို ဒီကောင်လေးနဲ့အစပြုလို့ ဒီကောင်လေးနဲ့ပဲအဆုံးသတ်ခွင့်ကို အကန့်အသတ်မဲ့ရယူလိုတာက လောဘဆိုရင် ဂျောင်ကုအနေနဲ့ ကျွတ်ချင်စိတ်မရှိပါဘူး။ လောဘရော မောဟရော ဒေါသရော အခုမြင်နေရတဲ့ ဖွေးဖွေးလှုပ်ကလေးအတွက်ဆိုရင် အိုကွယ် ဖြစ်ချင်ရာဖြစ်ဆိုသလို။ 

ချစ်ရတဲ့ ရင်ခွင်ထဲကကောင်လေးကိုကြည့်ရင်းတွေးမိတာက လွန်ခဲ့သောနှစ်များဆီ...
သေချာပြန်တွေးကြည့်လေ ဒီကောင်လေးကိုချစ်တာ အခုမှမဟုတ်ဘူးဆိုတာသိလာလေပင်။ ရန်ဖြစ်ရင်းနှင့်ပင် မတွေ့ရမနေနိုင်ဖြစ်နေခဲ့တာ၊ သူတက်သမျှကျောင်းကိုလိုက်တက်သလို ပိတ်ရက်မှာတက်တဲ့သင်တန်းတွေတောင်မရှောင် ပြိုင်ချင်လို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့လိုက်နေခဲ့တာတွေဟာ ကိုယ်တိုင်မသိခဲ့တဲ့အတွင်းစိတ်ရဲ့တွန်းပို့မှုတွေပဲဖြစ်ပါလိမ့်မည်။ 

အလယ်တန်း အထက်တန်းတင်မက တက္ကသိုလ်တက်သည့်အချိန်တွေအထိ နှောက်ယှက်ချင်လို့ဟုခေါင်းစဉ်တပ်ကာ သူ့နားကပ်သမျှ မိန်းကလေး ယောကျ်ားလေးအကုန် မသိအောင်တမျိုး သိအောင်တစ်ဖုံ နည်းအသွယ်သွယ်နဲ့ရှင်းထုတ်ခဲ့ရတာ အခုလို ကိုယ့်အပိုင်ဖြစ်စေချင်ခဲ့တာများလားဟုတွေးမိတော့ ဂျောင်ကုမျက်နှာထက်မှာ အပြုံးကြီးကြီးဆင်မြန်းမိသည်။ 

မသိခဲ့ရိုးအမှန်။ ချစ်နေခဲ့ခြင်းကိုလည်းမသိခဲ့သလို လက်မလွှတ်နိုင်ခဲ့ခြင်းတွေကိုလည်းနားမလည်ခဲ့။ ငယ်စဉ်ကတည်းကစွဲမြဲနေခဲ့တဲ့အသိတစ်ခုဟာ နှုတ်ခမ်းထူလို့ခေါ်နေကျ သူ့ရန်သူပြိုင်ဖက်လေးအနားမှာ တဝဲလည်လည်နှင့်ရှိနေဖို့ကိုပင်။ 
သူနဲ့ရန်ဖြစ်ရတာကိုကြိုက်သည်၊ စကားတွေများနေရတဲ့အချိန်ဆိုပျော်သည်။ စာမကြိုးစားပဲလုပ်ချင်ရာလုပ်တတ်သည့်ကောင်လေးကို မခံချင်အောင်ပြောဆိုပြီး ကိုယ်ရောက်သည့်အတန်း ကိုယ်နေသည့်အခန်းရောပါ အတူလိုက်တက်စေချင်ခဲ့သည်။ 
နှုတ်ခမ်းတထော်ထော်နှင့်ရန်ထောင်နေသည့်အချိန်တွေဆိုရင် ကိုယ့်အောက်နှုတ်ခမ်းကိုယ်ကိုက်ထားရတဲ့အကြောင်းအရင်းကိုအခုမှသိသည်။ 
စကားပြောစရာအကြောင်းအရင်းမရှိရင် ပျင်းတယ် အထီးကျန်တယ်လို့ခံစားရလို့ အမြဲရန်စနေခဲ့ရတဲ့အဓိကအရင်းအမြစ်ကိုလည်းသိခဲ့ပြီ။ 
နေမကောင်းတိုင်းအနားကမခွာပဲဂရုစိုက်ပေးပြီး ကျေးဇူးတင်မည့်အစား မျက်စောင်းထိုးခံရတာကို နှစ်သက်ခဲ့သည်ဆိုတာကိုလည်းနားလည်ပါပြီ။ 
အိမ်ပြန်လမ်းတွေတိုင်းကို သူ့အနောက်ကနေလိုက်ပြန်ခဲ့ရတာ သူအိမ်ပြန်နောက်ကျမှာစိုးလို့ ၊ တီတီ့ကိုချွန်တွန်းလုပ်ပြီးတိုင်တန်းခဲ့သမျှကလည်း ဒီကောင်လေးကိုကောင်းစေချင်ခဲ့လို့၊ ကိုယ့်ကိုပြိုင်ချင်လို့မှမဟုတ်ရင် စာဆိုတာသူနဲ့မဆိုင်သလိုနေတတ်သည့်ကောင်လေးကို သူ့နည်းတူဖြစ်စေချင်ခဲ့လို့ ဆက်တိုက်ရန်စကာ အဆူအဆဲခံခဲ့ရတာတွေဟာလည်း ချစ်လွန်းခဲ့လို့ပင်ဖြစ်မည်။

တဂျက်ဂျက်Where stories live. Discover now