ဖိုးဝေါတီး

376 77 45
                                    

"ဂျင် ဒါလေး

"အာ အင်းဂျင်ယောင်း ကျေးဇူးပါ 

"ဟား မလိုပါဘူးဂျင်ရယ် ကိုယ်တို့ကသူစိမ်းမှမဟုတ်ပဲ 
ဂျင် စတော်ဘယ်ရီကြိုက်တတ်မှန်းသိလို့ ကိုယ်သေချာမှာထားပေးတာ ခြံထွက်တွေမို့ အော်ဂန်းနစ်တွေ ဂျင်စိတ်ချစားလို့ရတယ် နောက်လည်း ဂျင်ကြိုက်တတ်တာလေးတွေပြောထားလေ ကိုယ်မှာပေးမယ် ကိုယ့်မာမီနဲ့ဒယ်ဒီက နည်းနည်းလက်တံရှည်တယ်ပြောရမယ်ထင်တယ် ဖုန်းဆက်လိုက်ရုံနဲ့ အနည်းဆုံးရွာကလူတွေက လိုချင်တာလာပေးလိမ့်မယ်

"ရပါတယ် ကျွန်တော့်အတွက်နဲ့ဘာမှမလုပ်ပေးပါနဲ့ အားနာစရာတွေဖြစ်ကုန်ပြီ
ကျွန်တော်ကဘယ်လိုပဲနေနေစားတတ်နေတတ်ပါတယ် အထွေအထူးမဟုတ်ပါဘူး 

"မဟုတ်ပါဘူးဗျာ ဂျင်ကမဟုတ်တောင် ကျွန်တော်ကိုက ဂျင့်အတွက်လုပ်ပေးချင်တာမို့ အားမနာပါနဲ့ ပြီးတော့ ငြင်းလည်းမငြင်းလိုက်ပါနဲ့နော်

ဆော့ဂျင် သူ့ကိုတောင်းဆိုသည့်ပုံစံဖြင့်ကြည့်ကာပြောနေသူကို အပြုံးကလေးနဲ့ပဲတုံ့ပြန်လိုက်တော့သည်၊၊ သူ့ကိုဒီလောက်ကြီးဂရုစိုက်နေတော့ သူမနေတတ်တာတော့အမှန် အရင်ကတည်းက ဂျီမင်နဲ့ကလွဲရင်ဘယ်သူနဲ့မှရင်းရင်းနီးနီးမနေတတ်တဲ့သူက ခုလိုသူစိမ်းတစ်ယောက်နဲ့တရင်းတနီးနေရတာ တကယ်အဆင်မပြေဘူး ။ မလွတ်လပ်သလိုခံစားရတယ် 

သို့သော်လည်းသူမတတ်နိုင် 
သူ့အသက်ကိုကယ်ခဲ့တဲ့သူတစ်ယောက်ဖြစ်သည့်အတွက် သူ့အနေနဲ့ ကျေးဇူးဆပ်နေတာမျိုးသီးသန့်ကြီးမဟုတ်ရင်တောင် အထိုက်အလျောက်လေးတော့ရှိသင့်သည်ထင်သည်။ သူက ချေတတ်တဲ့စတိုင်မျိုးရှိပေမယ့် အသက်သခင်ကျေးဇူးရှင်ကိုထိ လိုက်ပြီးချေနေလို့တော့မဖြစ်ဘူးလေ။

အဲဒီနေ့နောက်ပိုင်း ဆေးရုံမဆင်းခင်ကလည်း ဂျင်ယောင်းက ဂျီမင်နည်းတူ သူ့အနားကမခွာပဲ သေချာဂရုတစိုက်ရှိပေးခဲ့သည်။ အဲဒီတုန်းကမှသိခဲ့ရသည်က ဂျင်ယောင်းက လူချမ်းသာမျိုးရိုးကလာတာပဲ။ သူက ကိုရီးယားမှာ ထိပ်တန်းလို့သတ်မှတ်လို့ရသည့် လုပ်ငန်းရှင်မိသားစု၏ သားငယ်ဖြစ်ပြီး အနုပညာလောကထဲကိုဝင်လာတာကတော့ သိပ်မကြာသေးပေ။ သူတို့ကလည်းကြွယ်ဝတဲ့မိသားစုကဆိုပေမယ့် ဂျင်ယောင်းကတော့ သူတို့ထက်ပိုလိမ့်မည်။ ထို့ကြောင့်လည်း ဆေးရုံတက်နေရစဉ်ကဆို ဆေးရုံကအဓိကဆရာဝန်တွေကအစ သူ့အခန်းကိုခနတိုင်းလာကာ စစ်ဆေးပေးကြသည်။ ဆေးပိုက်လဲတာလောက်ကအစ ဆရာဝန်ကြီးတွေကိုယ်တိုင်လာပေးနေရသည်မို့ အားနာလွန်းတာကြောင့် သူကပင်တားယူခဲ့ရသည်။ ဂျင်ယောင်းကတော့ အားနာစရာမလိုကြောင်းနဲ့ သူတို့ကိုထိုက်ထိုက်တန်တန်ပေးထားလို့လုပ်ပေးနေတာဖြစ်ကြောင်းသာပြောခဲ့သည်။ 

တဂျက်ဂျက်Where stories live. Discover now