"ငါဂျင့်ကိုလိုက်မယ်..
"ဘာ...
ရူးနေလားမင်း မင်းမှာဂျီမင်တစ်ယောက်လုံးရှိနေတာကို လာမနောက်စမ်းနဲ့ ထွက်သွားဂရုမစိုက်ဟန်နှင့်အခန်းထဲကထွက်သွားရန်ပြင်နေသူကို ခပ်ရွဲ့ရွဲ့ကြည့်လိုက်ကာ ထယ်ယောင်းက
"ဘယ်သူပြောလဲ ငါနဲ့ဂျီမင်ကလမ်းခွဲလိုက်ပြီ..
သူ့စကားကြောင့် အခန်းတံခါးကိုကိုင်ထားတဲ့ဂျောင်ကုလက်တွေရပ်တန့်သွားသလို ရုတ်ချည်းသူ့ဘက်လှည့်လာတာမို့ ထယ်ယောင်းရီချင်တာကိုအောင့်ထားလိုက်တယ်....
ဒီကောင့်ကိုသပ်သပ်အမြင်ကတ်လို့ကိုလျှောက်ပြောနေတာ သူ့ဂျီမင်လေးနဲ့ပြတ်စရာလား...
ကြိုက်တာကိုဟန်မူရာတွေပိုနေတာကို ခံပေါ့..မျက်မှောင်ကိုအစွမ်းကုန်ကျုံ့ထားသူက သူမကြိုက်ပါဘူးပေါ့လေ..အရူးသွားပြောတောင်မယုံဘူး...
တဂျက်ဂျက်နှစ်ယောက်က ဘယ်အချိန်ကတည်းက ပြောင်းလဲသွားကြလဲမသိပေမယ့် ခရီးကပြန်လာတော့မှ အရမ်းသိသာသွားတာ..
ဂျင့်ကိုငေးနေတာတွေ ကလေးကလားအလုပ်တွေထိလျှောက်လုပ်နေတာတွေကို သူကိုယ်တိုင်မိထားပါလျက်နဲ့ငြင်းလို့ကောင်းနေသေးတဲ့ကောင်ကို မှတ်လောက်သားလောက်အောင်ပညာပေးမယ်လို့တွေးမိတယ်...ဂျီမင်လေးကိုတော့ သေချာပြောပြထားရမှာပေါ့..မဟုတ်ရင် သူနဲ့ပြတ်ပြီပြောရမလားဆိုပြီး တကယ်ဖြတ်သွားမှ သောင်ပြင်လွှတ်တဲ့ရွှေဟင်္သာလေးဖြစ်နေဦးမယ်..."ငါနဲ့ဂျီမင်လမ်းခွဲလိုက်ကြပြီ မင်းကိုမပြောပြဖြစ်သေးတာ..
သူ့ကိုသာစူးစိုက်ကြည့်နေပြီးဘာမှမပြောလာသူကြောင့် သူကပဲစကားဆက်လိုက်တော့ သူ့အနားကိုဒေါကြီးမောကြီးလျှောက်လာသူကြောင့် သူတောင်နောက်တစ်လှမ်းဆုတ်မိသွားသည်ထင်။ ပြောမရဘူး ဆွဲထိုးနေလို့ မေးရိုးကောက်သွားရင်ဒုက္ခ..
ရွဲ့ကြီးဆိုတဲ့နာမည်ပြောင်တော့ ထယ်ယောင်းလေးမကြိုက်.."နောက်နေတာဆို ရီစရာမကောင်းဘူးနော်မင်း
သူနဲ့အနီးကပ်ဆုံးထိရောက်လာပြီး သွားကြားသံလေးနဲ့တင်ပြောလာသူကို သူမကြောက်ဟန်ဆောင်ကာ
YOU ARE READING
တဂျက်ဂျက်
Fanfictionမျက်ပြူးကများ လူကိုလာပြောချင်နေသေးတယ် မင်းကလည်းနှုတ်ခမ်းထူနေတာကို ဂုဏ်ယူမနေနဲ့ တစ်စက်လေးတောင်ကြည့်မကောင်းဘူးနော်