သူငယ်ချင်းနှစ်ယောက်၏ မြှောက်ပင့်မှုဖြင့်
သောက်ထားရသည့် အရက်အရှိန်နဲ့အတူ
ဆူညံနေသည့် သီချင်းသံများကြောင့်
လင်းထွဋ်သော် ခေါင်းနောက်လာသည်။
ထို့ကြောင့် စားပွဲပေါ်တင်ထားသည့်ဖုန်းကို
ကောက်ယူကာ toilet သို့ ခဏထလာခဲ့၏။
အချိန်ကား ည ၁ နာရီရှိနေပြီဖြစ်သည်။
သို့သော် သူရောက်နေသည့် club ထဲတွင်တော့
အကုန်လုံးက မြူးထူးတက်ကြွနေ၏။
လွတ်လွတ်လပ်လပ် သောက်စား၍
ကခုန်နေသူများလည်းပါသလို၊ တချို့ကလည်း
လွတ်လပ်ခြင်း၏တစ်ဖက်သို့ ကျော်လွန်ကာ
တစ်စုံတစ်ခုသော ခံစားချက်တွင် မျောလွင့်နေကြ၏။ တချို့ကလည်း အတူရှိနေသော
Partner နဲ့ ချိုမြိန်ယစ်မူးဖွယ်အခိုက်အတန့်
များကို ခံစားနေကြသည်။
လင်းထွဋ်သော်အတွက်တော့ဒီလိုနေရာကို
ရောက်ဖူးတာ အခုမှ ပထမဆုံးဖြစ်သည်။
လူရှုပ်တာကို သိပ်မကြိုက်တတ်သည့်
သူက အခန်းထဲမှာပဲ ခွေအိပ်နေရတာ ၊
ဇာတ်ကားတစ်ကားကြည့်၊စာအုပ်တစ်အုပ်
ဖတ်နေရတာလောက်ကိုသာခုံမင်သည်။
ဒီနေ့မှသာ သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်သည့်
မြတ်သွင် နဲ့ ခင်ရတီက အတင်းခေါ်လာ၍ရောက်ဖူးခြင်းဖြစ်သလို ခါးသက်သက် ပြင်းရှရှ အရက်တွေကိုလည်း အခုမှ ပထမဦးဆုံး
အကြိမ် သောက်ဖူးခြင်းဖြစ်သည်။
မူးရိပ်ရိပ်ခံစားချက်နဲ့အတူ toilet ဘက်သို့
လင်းထွဋ်သော် လာခဲ့သည့်အခါ အဝတွင်
ဆေးလိပ်သောက်နေသည့် အသက်ခပ်ကြီးကြီးလူတစ်ယောက်ကိုသာတွေ့ရပြီး လူရှင်းနေသည်။
လင်းထွဋ် toilet ထဲသို့ ဝင်ကာ တံခါးကို ပိတ်၍
အိမ်သာအဖုံးကိုချကာ ထိုင်ချလိုက်မိသည်။ တကယ်တော့ သူဒေါင်ချာစိုင်းနေပြီ ဖြစ်သည်။
မူးသည်။ အန်ချင်သည်။ အိပ်ချင်သည်။ အသက် ၂၃နှစ် အရွယ်မှ ပထမဦးဆုံး အရက်သောက်မိသည့် အတွေ့အကြုံက သိပ်တော့ အဆင်မပြေ။
လင်းထွဋ်သော်သည် အဆင်ပြေသလောက်
ရှိသည့် အနေအထားအထိ ခဏမျှနေပြီးမှ
တံခါးကိုဖွင့်ကာ ပြန်ထွက်လာခဲ့သည်။
ဖုန်းကို ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး လက်ဆေးနေသည့်အချိန်တွင်
သူ့ဘေးခပ်လှမ်းလှမ်းတွင် ရှိနေသူကို
ဘာရယ်မဟုတ် လှည့်ကြည့်လိုက်မိသည်။
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
Любовные романыHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)