မနက် ၉ နာရီ လင်းထွဋ်သော် အခန်းထဲမှ ထွက်လာသည့်အခါ ဧည့်ခန်းက ဆိုဖာတွင်
ဖုန်းထိုင်သုံးနေသည့်
စိုင်းစစ်သွေးမာန်ကိုတွေ့လိုက်ရသည်။
ငှက်ခါးရောင်ကော်လာရှပ်လက်ရှည်ကို
လက်သေသေသပ်သပ်ခေါက်ကာ
ဂျင်းဘောင်းဘီအပြာနဲ့တွဲဝတ်ထားသည့်
စိုင်းစစ်သွေးမာန်က တစ်နေရာရာကိုသွားစရာ
ကိစ္စရှိသည့်ပုံနှင့် သေသေချာချာ
ပြင်ဆင်ထားသည်။
မျက်နှာပေါ်က အမွှေးအမျှင်ရေးရေး
တွေကိုတော့ လွန်ခဲ့တဲ့ တစ်ပတ် မန္တလေး ပြန်ရောက်ကတည်းက
ရှင်းလင်းခဲ့ပြီးပြီဖြစ်သည်။
" နိုးပြီလား"
လင်းထွဋ်သော်ကို ကြည့်၍ စကားဆိုလိုက်ရာ
လင်းထွဋ်သော်က ခေါင်းတစ်ချက်သာ
ညိတ်ပြလိုက်သည်။
"ငါတို့ မနက်စာသွားစားရအောင်။
ဒီရက်ထဲ မင်းအစားအသောက်
နည်းနည်းပျက်နေတယ်မဟုတ်လား။
ငါ hotel မှာ booking ချိတ်ထားတယ်"
"ငါမအားဘူး"
လင်းထွဋ်သော်က
အေးအေးဆေးဆေး ငြင်းလိုက်ပြီး
Kitchen ဘက်သွားကာ ကော်ဖီတစ်ခွက်ဖျော်ဖို့
လုပ်လိုက်သည်။ စားပွဲပေါ်တွင် ရှိနေသော
စိုင်းစစ်သွေးမာန် ကိုယ်တိုင်ဖျော်ပြီး အနွေးခံဗူးနဲ့
အသင့်ထည့်ထားသည့် ကော်ဖီကိုတော့
မမြင်သည့်နှယ် လျစ်လျူရှုထားဆဲ။
လင်းထွဋ်သော် ဧည့်ခန်းဆီသို့
ပြန်ထွက်လာသည့်အခါ
စိုင်းစစ်သွေးမာန်က လင်းထွဋ်သော်ရဲ့ လက်ထဲက ကော်ဖီခွက်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"မင်းအပြင်မထွက်ချင်ရင်
ငါဒီကိုလာပို့ခိုင်းလိုက်မယ်
အိမ်မှာပဲ အေးအေးဆေးဆေးစားလိုက်"
"တော်ပြီ။မလုပ်နဲ့။ ငါခဏနေအစ်ကိုနဲ့
အပြင်သွားစရာရှိသေးလို့စားဖြစ်မှာမဟုတ်ဘူး။
မင်းမှာထားတာတွေ အလကားဖြစ်သွားလိမ့်မယ်"
စိုင်းစစ်သွေးမာန်က တိတ်ဆိတ်သွားသည်။
လင်းထွဋ်သော်သည်လည်း ဆိုဖာတွင် ထိုင်၍သာ TV ကိုတစ်ချက်လှမ်းဖွင့်လိုက်ပြီး
သူဖျော်လာသည့် ကော်ဖီကို ငြိမ်သက်စွာ
သောက်နေခဲ့သည်။
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
RomanceHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)