တစ်ခုခုတူးခြစ်နေသည့် အနံ့စူးစူးသည်
လင်းထွဋ်သော်ကို အိပ်နေရာမှ
လန့်နိုးလာစေသည်။
လင်းထွဋ်သော်သည် အသိစိတ်မကပ်သေးခင်
နိုးနိုးချင်း မြင်လိုက်ရသော စိမ်းသက်သည့်
ပတ်ဝန်းကျင်ကြောင့် အနည်းငယ်
ကြောင်စီစီဖြစ်နေခဲ့ပြီးမှ လက်ရှိကြုံနေရသည့် အဖြစ်ကို ပြန်တွေးမိသွားသည်။
ပြန်တွေးမိသည်ဆိုလျှင်ပဲ စိတ်အစုံတို့
မကြည်မလင် ဖြစ်ရ၏။
တူးသည့်အနံ့သည်
တဖြည်းဖြည်းဆိုးရွားလာသည်။
လင်းထွဋ်သော်သည် ခုတင်ပေါ်တွင်
ထိုင်မနေနိုင်တော့ဘဲ ထလာခဲ့ရတော့၏။
တူးတာက တော်သေးသည် ။
တစ်ခုခုလောင်နေသည်ဆို ခက်မည်မဟုတ်လား။
စေ့ပိတ်ထားသည့် အခန်းတံခါးကို
ဖွင့်ကြည့်လိုက်သည့်အခါ
အလွယ်တကူ ပွင့်သွားသည်။
စိုင်းစစ်သွေးမာန်က သူ့အခန်းတံခါးကို
သော့တော့ပိတ်မထားခဲ့။
တူးနံ့သည် အိမ်၏ အနောက်ဘက် မီးဖိုခန်းထဲမှ
လာနေခြင်းဖြစ်သည်။ လင်းထွဋ်သော်
သွားလိုက်သည့်အခါ တူးပြီးကပ်နေ၍
ညှော်နံ့တလူလူထွက်နေသည့် ကြက်သားကြော်အိုးနဲ့အတူ ထို ကပ်နေသည့် ကြက်သားကို ဇကာပေါက်ဇွန်းရှည်နဲ့ လှန်ဖို့ ဇွဲနပဲနဲ့ ကြိုးစားနေသည့် စိုင်းစစ်သွေးမာန်ကို တွေ့လိုက်ရသည်။
gas မီးဖိုဖြင့် တည်ထားသည့်
အိုးသည် ပူလွန်း၍ မကြာခင်တွင်
မီးထတောက်တော့မယ့်အတိုင်း အငွေ့တလူလူ
ထွက်နေပေပြီ။ဒါကို စိုင်းစစ်သွေးမာန်က အိုးပိတ်ဖို့ မလုပ်တာကြောင့် လင်းထွဋ်သော်က
စိုင်းစစ်သွေးမာန်ကို ဘေးသို့တွန်းဖယ်၍
gas မီးဖိုကို ပိတ်လိုက်သည်။
ထို့နောက် ဘေစင်မှ ရေကို တွေ့ရာ
ခွက်တစ်ခုဖြင့် ခပ်ကာ ကြက်သားတူးကြော်
အိုးထဲသို့ လောင်းချလိုက်သည်။
အပူနဲ့ ရေထိတွေ့သံ ရှဲခနဲ နှင့်အတူ
မီးခိုးများက အလုံးအရင်းဆန်တက်လာသည်။
အိုးထဲမှ ရေများသည်လည်း တူးနေသည့်
ကြက်သားကြောင့် မည်းနက်နေလေသည်။
"ကြက်သားကြော်..."
Apron အဖြူကိုဝတ်ကာ
ဇွန်းအရှည်ကို လက်မှကိုင်ထားသော
စိုင်းစစ်သွေးမာန်ဆီမှ ထွက်လာသည့်
နှမြောတသဖြင့် တိုးလျလျအသံ။
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
Любовные романыHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)