အပိုင်း(၁၁)

32.5K 2K 313
                                        



နောက် ၂ ရက်ကြာလျှင် သူ့ showroom ၏
opening ceremony ရောက်တော့မည်ဖြစ်၍
စိုင်းစစ်သွေးမာန် ဒီနေ့တော့ မနက်ကတည်း
ညနေအထိ showroom မှာပဲ ရှိနေခဲ့သည်။

စီစဉ်စရာရှိသည်များကို စီစဉ်ကာ
ညွှန်ကြားစရာရှိသည်များကိုလည်း
အပြီးသတ်ညွှန်ကြားခဲ့ပြီး
ညနေ ၇ နာရီကျော်လောက်မှပဲ
Showroom  မှ သူပြန်လာခဲ့၏။

မီးပွိုင့်ခဏမိနေချိန်တွင် ဘေးတွင်ချထားသည့်
ဖုန်းကို ယူကာ လိုင်းဖွင့်လိုက်ပြီး
Messenger ထဲဝင်ကြည့်လိုက်သည်။

သူသက်သက်မဲ့ ဝင်မဖတ်ဘဲ ထားထားသည့်
လင်းထွဋ်သော်ရဲ့ conversation ဆီမှ message
ထပ်မဝင်ထား။

ထိုအချိန်တွင် မီးပွိုင့်စိမ်းသွားပြီးနောက်
စိုင်းစစ်သွေးမာန်သည် ကားကို အရှိန်ဖြင့်
ဆောင့်ထွက်လိုက်သည်။

သူ့စိတ်တွေဘာလို့အဲ့ဒီလောက်ရှုပ်နေရတာလဲ။
အရာရာဟာ မသဲမကွဲဖြစ်နေပြီး
သူဘာဖြစ်နေတာလဲဆိုတာကိုလည်း
သူကိုယ်တိုင်မသိတော့။

ထိုအခိုက် Messenger မှ
phone call ဝင်လာသည့်
အသံကြောင့် စိုင်းစစ်သွေးမာန်
ကြည့်လိုက်မိသည်။

Screen တွင်ပေါ်နေသည့် နာမည်ကို
အတန်ကြာသည်အထိ စိုက်ကြည့်နေခဲ့မိပြီး
ကားကို လမ်းဘေးသို့ ချရပ်လိုက်မိတော့သည်။

ရုတ်တရက် ဆူညံသွားသည့်ဟွန်းတီးသံများကို
သူဂရုမစိုက်ခဲ့။ သူ့အသိစိတ်ထဲတွင်
တစ်ခုသာ ရှိနေခဲ့သည်။

ထိုလူက ဘာလို့ သူ့ကို ဖုန်းခေါ်ရတာလဲ။

စိုင်းစစ်သွေးမာန် အတန်ကြာသည်အထိ
ငြိမ်သက်ကာ ရှိနေခဲ့ပြီးမှ
ဖုန်းကိုင်လိုက်မိတော့သည်။

ပထမဆုံး ကြားလိုက်ရသည်က
အသက်ရှူသံတိုးတိုးနဲ့အတူ
ငိုရှိုက်သံ သဲ့သဲ့။ သူသည်လည်း မည်သို့သော
အသံမျှ မပြုဘဲ နေနေမိသည်။

အချိန်အနည်းငယ်မျှ ကြာပြီးနောက်တွင်
မကြားရသည်မှာ နှစ်ချီကြာနေခဲ့ပြီဖြစ်သော
အသံချိုချိုကို တိုးသဲ့သဲ့ကြားလိုက်ရသည်။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now