အံ့မင်းရှိန်က သူ့နှုတ်ခမ်းကို
ဖိကပ်နမ်းရှိုက်လိုက်သည့်
အခါ လင်းထွဋ်သော်ရဲ့ မျက်လုံးများသည်
မထင်မှတ်ထားသည့်နှယ် အနည်းငယ်
ဗလာဖြစ်သွားပြီး တစ်ချိန်တည်းမှာပင်
ရှုပ်ထွေးသွားခဲ့သည်။ ထို့နောက် အံ့မင်းရှိန်၏
ရင်ခွင်ထဲမှလည်း အသာထွက်လိုက်သည်။
ထိုအချိန်တွင်ပင် ခပ်ဝေးဝေးတွင်ရပ်ထားသော
စိုင်းစစ်သွေးမာန်၏ ကားသည်
အရှိန်ပြင်းစွာမောင်းထွက်သွားခဲ့၏။
" လင်း သွားနားတော့လေ။
လာ ။ အစ်ကို အပေါ်ထိ လိုက်ပို့ပေးမယ်"
"ရတယ် အစ်ကို။ ကျွန်တော်တစ်ယောက်တည်းပဲ သွားလိုက်မယ်။ နောက်ကျနေပြီဆိုတော့
အစ်ကိုလဲ ပြန်တော့လေ"
လင်းထွဋ်သော်သည် ပါးပြင်ထက်တွင်
စိုစွတ်နေသေးသည့် လက်ကျန်မျက်ရည်များကို
ပွတ်သုတ်ကာ ခပ်တန်းတန်းလေသံဖြင့်
ပြောလိုက်သည်။
" စိတ်ဆိုးသွားတာလား လင်း။
မင်းကိုခွင့်မတောင်းဘဲ အစ်ကိုနမ်းမိလို့"
အံ့မင်းရှိန်က လင်းထွဋ်သော်ရဲ့ မျက်နှာကို
စေ့စေ့စပ်စပ်ကြည့်ကာ မေးသည်။
လင်းထွဋ်သော်သည် အတန်ကြာသည်အထိ
ငြိမ်နေ၏။ ထို့နောက်မှ သက်ပြင်းတစ်ချက်ကို
မသိမသာရှိုက်လိုက်ပြီး
"ကျွန်တော် အခုချိန်မှာ
ဘာမှမစဉ်းစားနိုင်တော့ဘူး.."
"ကလေး.."
"ဒါပေမဲ့ ကျွန်တော့်ကို အဲ့ဒီလို အကြပ်ရိုက်စေတဲ့
အပြုအမူမျိုးမလုပ်စေချင်တာတော့အမှန်ပဲ။
အခုချိန်မှာ ကျွန်တော် အစ်ကို့ကို ဘယ်လိုအာမခံချက်မျိုးမှ မပေးနိုင်သလို အစ်ကို့ခံစားချက်တွေကိုလဲ ကျွန်တော့်ကြောင့် မထိခိုက်စေချင်ဘူး။
သူ့ကိုမေ့ဖို့အတွက် အစ်ကို့ကို ဘယ်တော့မှ အသုံးချမှာ မဟုတ်ဘူး အစ်ကို ။
အခုလို ကျွန်တော်ကိုယ်တိုင် ဒီခံစားချက်တွေထဲ တဝဲလည်လည်နဲ့ ပိတ်မိနေတဲ့
အချိန်မျိုးမှာ အစ်ကို့ကို ကောက်ရိုးတစ်မျှင်လို
သဘောထားပြီး ဆွဲထားမှာမဟုတ်ဘူး။
အမှန်အတိုင်းပြောရရင်
စောင့်နေမယ်ဆိုတဲ့ အစ်ကို့စကားအတွက်လဲ
ကျွန်တော် ဘယ်လိုတာဝန်မျိုးမှ မယူပေးနိုင်မှာ
စိုးရိမ်တယ်"
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
Любовные романыHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)