လင်းထွဋ်သော်သည် လက်ထဲက ရေဗူးကို
စိုင်းစစ်သွေးမာန်အားပေးရင်း
ဆိုဖာပေါ်တွင် ထိုင်နေသည့်
စိုင်းစစ်သွေးမာန်၏ ဘေးမှာပဲ
ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်၏။
စိုင်းစစ်သွေးမာန်က လင်းထွဋ်သော်
ပေးနေသည့်ရေခွက်ကိုမယူ။
သူဝတ်ထားသည့် coat အနီကို ချွတ်၍
အောက်က လက်ရှည်အနက်မှ
လက်ကိုလည်း အပေါ်အနည်းငယ်ပင့်တင်
လိုက်ပြီးမှ ဆိုဖာတွင်မှီထိုင်လိုက်သည်။
အနက်ရောင်ပိုးသားပျော့ပျော့ လက်ရှည်သည်
သူ့ရဲ့ ကျယ်ပြန့်သော ပခုံးနဲ့ တောင့်တင်းသော
ခန္ဓာကိုယ်တွင် ဖေးတင်နေသည့်အခါ
ပို၍ဆွဲဆောင်မှုရှိနေသယောင်။
"စိတ်ဆိုးနေတာလား..မနက်က ကိစ္စကြောင့်"
လင်းထွဋ်သော် က ရေဗူးကို
စားပွဲပေါ်တင်လိုက်ပြီး
တိုးဖျော့ဖျော့လေး မေးလိုက်သည်။
စိုင်းစစ်သွေးမာန်က လင်းထွဋ်သော်ကို
ဂရုမစိုက်ဘဲ screen တွင်
notification တက်လာသည့် စားပွဲပေါ်မှ
သူ့ဖုန်းကိုသာ ယူကြည့်နေသည်။
"စိုင်းစစ်သွေးမာန်..."
လင်းထွဋ်သော် စိုင်းစစ်သွေးမာန်၏
လက်ဖျံကိုကိုင်၍ ထပ်ခေါ်လိုက်သည်။
သူ့ကိုစိတ်ဆိုးနေမှာကိုစိုးရိမ်လို့
အိမ်ပြန်မပို့ခိုင်းဘဲ စိုင်းစစ်သွေးမာန်၏
ဟိုတယ်လိုက်လာရပေမဲ့
စိုင်းစစ်သွေးမာန်က သူ့ကို လျစ်လျူရှုနေဆဲ။
"စိုင်းစစ်သွေးမာန်.."
"ကျစ် ဘာလဲကွာ။ ပြောစရာရှိတာပြော။
ပြောပြီးရင် မင်းပြန်တော့"
စိုင်းစစ်သွေးမာန်က လက်ထဲကဖုန်းကို အရှေ့မှ
စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ပြောလိုက်သည်။
လေသံသည်လည်း ခပ်ဆတ်ဆတ်။
ဘယ်ကနေ ဘယ်လို စပြောရမှန်းမသိ၍
နာမည်ကိုသာ တဖွဖွခေါ်နေမိသော
လင်းထွဋ်သော်သည် ပို၍ စကားလုံးများ
ပျောက်သွားရ၏။
လင်းထွဋ်သော်သည်
ခဏမျှတိတ်ဆိတ်နေခဲ့ပြီးမှ
စိုင်းစစ်သွေးမာန်၏ ပခုံးတစ်ဖက်တွင်
မျက်နှာသွားအပ်လိုက်ရင်း
ငြိမ်ငြိမ်လေးနေနေမိသည်။
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
RomanceHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)