မြခနောက်တောင်တော်သို့ ဆိုသည့်
မုခ်ဦးမှသူတို့ ဆက်တက်လာခဲ့ပြီးနောက်တွင်မူ
မြခနောက်တောင်ထိပ်သို့ သူတို့ရောက်ခဲ့
ကြသည်။
တောင်ထိပ်တွင် ကံထူးမြင့် ဘွဲ့အမည်ရှိ
စေတီတစ်ဆူ ရှိရာ အရင်ဆုံး သူတို့
ဦးချကန်တော့လိုက်ကြပြီးမှ
ရှုမျော်ခင်းများကို ကြည့်မိကြသည်။
မြခနောက်တောင်သည်
ပင်လယ်ရေမျက်နှာပြင်အထက်
3011 ပေမြင့်ရာ တောင်ထိပ်မှ
လှမ်းမျှော်ကြည့်ရှုမည်ဆိုပါက
အုံ့မှိုင်းစိမ်းစိုနေသည့် ရှမ်းရိုးမတောင်တန်းကြီးများ ၊ ရန်ကင်းတောင် ၊ စိန်ခနောက်တောင်၊
မန္တလေးတောင်၊မန္တလေးမြို့ကြီးနဲ့
ဧရာဝတီ မြစ်ကို တွေ့ရပါသည်။
မန္တလေးမြို့အနီးတွင်ရှိသော်လည်း
တောင်ပေါ်ဒေသဖြစ်တာကြောင့်
တောင်ထိပ်တွင်မူ ရာသီဥတုက ပို၍
အေးလျက် နေကောင်းလှသည်။
တောင်ထိပ်ထိရောက်အောင် တက်ခဲ့ရသည်မှာ
မောပန်းသည်မှန်ပေမဲ့ အပေါ်ရောက်သည့်အခါ
မြင်လိုက်ရသော ရှုခင်းမှာ ထိုပင်ပန်းမှုများကို
ပြေပျောက်စေနိုင်၏။
လင်းထွဋ်သော်သည် တောင်ထိပ်
တစ်နေရာတွင်ရပ်လျက် အပေါ်စီးမှ နေ၍
တမျှော်တခေါ်မြင်နေရသည့် ရှုခင်းတွေအား
ဖုန်းဖြင့် ဓာတ်ပုံရိုက်နေစဉ်မှာပင် အနောက်မှ
သိုင်းဖက်လိုက်သည့် စိုင်းစစ်သွေးမာန်ကြောင့်
ရုတ်တရက်လန့်ကာ ကိုယ်လေးပင်ကျုံ့သွားမိရသည်။
"မင်းချမ်းနေမှာစိုးလို့"
စိုင်းစစ်သွေးမာန်ပြောလိုက်သည့် စကားနှင့်
ရင်ခွင်ကျယ်မှ အနွေးဓာတ်သည် လင်းထွဋ်သော်၏ နှုတ်ခမ်းလေးအား ပြုံးသွားစေခဲ့ပါ၏။
"ချစ်တယ်.."
လင်းထွဋ်သော် တိုးတိုးလေး ပြောလိုက်မိသည်။
"အင်း သိတယ်"
"အွန်း.."
"ဘယ်လောက်ချစ်လဲ"
"ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးတဲ့၊ ဘယ်သူ့ကိုမှ
ဘယ်တော့မှ ထပ်မချစ်နိုင်တော့မယ့်
အချစ်မျိုးနဲ့ မင်းကိုချစ်တယ်.."
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
RomanceHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)