Friday night ဖြစ်၍ လင်းထွဋ်သော်တို့
ရောက်နေသည့် beer ဆိုင်မှာ ပုံမှန်ထက် ပို၍
လူများနေသည်။
လင်းထွဋ်သော်သည် အရှေ့တွင်
ချထားသော coke ကို တစ်ငုံမျှ
သောက်လိုက်မိသည်။ အတူလာသည့်
မြတ်သွင်နဲ့ ခင်ရတီက beer သောက်နေပေမဲ့ လင်းထွဋ်ကတော့ သောက်ချင်စိတ်မရှိ၍
မသောက်ခြင်းဖြစ်သည်။
"အေး ဒါဆိုဒါပဲနော် စစ်သွေး။
ငါတို့အပေါ်ထပ်မှာထိုင်နေတာ
ရောက်ရင်တက်ခဲ့"
မြတ်သွင့်ရဲ့စကားသံကို
နားစွင့်နေသည့် လင်းထွဋ်သော်ရဲ့
ရင်ထဲတွင် တစ်ချက်လှုပ်ခတ်သွားပါသည်။
"စစ်သွေး လာခဲ့မယ်တဲ့"
ခင်ရတီက လင်းထွဋ်သော်ကို မြတ်သွင်
မမြင်အောင် မျက်ခုံးတစ်ချက်ပင့်ပြသည်။
လင်းထွဋ်သည်လည်းပြုံးသာပြုံးလိုက်မိ၏။
လွန်ခဲ့သည့်ညက ရတီ့ကို ဖုန်းဆက်ပြောပြ
လိုက်သည့် ကိစ္စကြောင့် ဒီနေ့ည ဒီလိုမျိုးတွေ့ဖို့ကိုလည်း ရတီကပဲ စီစဉ်ကာ စိုင်းစစ်သွေးမာန်ကိုဖုန်းဆက်လှမ်းခေါ်ဖို့လည်းမြတ်သွင်ကို
သူမကပဲ ဟိုဟိုဒီဒီအကြောင်းပြကာ
စေခိုင်းခြင်းဖြစ်သည်။ စိုင်းစစ်သွေးမာန်
မလာခဲ့ရင် ဘယ်လိုလုပ်ရမလဲ
ကြိုမတွေးရသေးပေမဲ့ လာမည်ပြောသည့်အခါတွင်လည်း ပျော်ရသည်မှာအမှန်။
ခဏခဏလွမ်းဆွတ်နေမိသည့်
မျက်ဝန်းညိုညိုတွေကို ၊အကြည့်စူးစူးတွေနဲ့၊
အပြုံးရိပ်ရိပ်တွေကို ပြန်မြင်ရတော့မယ်
မဟုတ်လား..။
"ဒါနဲ့ လင်းထွဋ် ။
ကျောင်းတုန်းက မင်းကိုကြိုက်တဲ့
ဟို အစ်ကိုလေ မှတ်မိလား"
မြတ်သွင်ကပြောလာတာကြောင့်
လင်းထွဋ်သော် တစ်ချက်စဉ်းစားပြီး
"ကိုအံ့မင်းရှိန် ကိုပြောတာလား"
"အင်း ဟုတ်တယ်။
မနေ့တစ်နေ့က အဲ့ဒီအစ်ကိုငါတို့ဆီ
ဖုန်းလာဝယ်တာ ။ သူ့ညီမလေးအတွက်ဆိုလား။
အဲ့ဒါငါ့ကိုမြင်တော့ မင်းကိုတောင်မေးနေသေးတယ်"
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
РомантикаHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)