ဒီနေ့က လင်းထွဋ်သော်ရဲ့အိမ်သို့
စိုင်းစစ်သွေးမာန် ပြောင်းလာသည့်
ရက်ပင်ဖြစ်သည်။
" bathroom ထဲက မီးတစ်ခုက
နည်းနည်းမှိန်နေသလိုပဲနော် သွေး"
တစ်ခန်းကျန်သည့် master bedroom ထဲတွင်
စိုင်းစစ်သွေးမာန် နေမည်ဖြစ်၍
လင်းထွဋ်သော်က ဂရုတစိုက်လိုက်ကြည့်ပေးပြီး ပြောသည်။
စိုင်းစစ်သွေးမာန်က aircon ဖွင့်နေရင်းမှ
တစ်ချက်လှည့်ကြည့်ပြီး
" မမှိန်ပါဘူး"
"နည်းနည်း မှိန်နေတယ် ။ ခဏလေး ။
ငါအသစ်တစ်ခုဝယ်ထားတာ ရှိတယ်။
လဲပေးမယ်"
လင်းထွဋ်သော်က သုတ်ခနဲ ထွက်သွားသည်။
ခဏအကြာတွင် မီးသီးနဲ့ aluminium ဂွထောက်
လှေကားတစ်ခု ယူလာခဲ့ပြီး လဲတပ်ပေးဖို့လုပ်၏။
ထောင်ထားသည့် လှေကားပေါ်ကို
လေးငါးထစ် တက်သွားပြီးမှ
လင်းထွဋ်သော် ကျောမလုံတာကြောင့်
သူ့ဆီလျှောက်လာခဲ့သည့်
စိုင်းစစ်သွေးမာန်ကို ကြည့်ပြီး
"သွေး..လှေကားလေး တစ်ချက်လာကိုင်ပေးပါလား"
"ဆင်းခဲ့ ။ ငါတက်မယ်"
"ရတယ် ။ လှေကားပဲ ကိုင်ပေး"
စိုင်းစစ်သွေးမာန်က ထပ်မပြောတော့ဘဲ
လှေကားကိုသာ ထိန်းပေးထားလိုက်သည်။
လင်းထွဋ်သော်က မီးသီးအဟောင်းကိုဖြုတ်ကာ
စိုင်းစစ်သွေးမာန်အား ငုံ့ကြည့်၍ ပေးလိုက်၏ ။
ထို့နောက်မှ အသင့်ယူလာသည့် မီးသီးကို
ပြောင်းတပ်လိုက်သည်။
"မီးခလုတ်လေး တစ်ချက်ဖွင့်လိုက်ပါလား သွေး"
"မင်းငြိမ်ငြိမ်နေဦး ပြုတ်ကျမယ်"
"အွန်း"
စိုင်းစစ်သွေးမာန် ပြောလိုက်ပြီးမှ မီးခလုတ်ကို
သွားဖွင့်လိုက်သည်။
"ဟီး ..ရပြီ အခုမှလင်းသွားတာ"
လင်းထွဋ်သော်က စိုင်းစစ်သွေးမာန်ကို
လှည့်ပြောရင်းဖြင့် လှေကားပေါ်မှ သွက်သွက်
ဆင်းလာ၏။
"ဟေ့ နေဦးလေ ပြုတ်ကျမယ်"
သို့သော် စိုင်းစစ်သွေးမာန်ပြောပြီး
သွားထိန်းဖို့လုပ်လိုက်တုန်းမှာပဲ
လင်းထွဋ်သော်က ခြေထောက်ချော်ပြီး
ဟန်ချက်ပျက်ကာ လှေကားတစ်ဝက်ကျော်ကျော်လောက်ကနေ
ကြမ်းပြင်သို့ ဘုတ်ခနဲ ပြုတ်ကျတော့သည်။
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
РомантикаHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)