အပိုင်း(၈)

36.4K 2.1K 589
                                        


ညနေဘာလို့မြန်မြန်မရောက်သေးတာလဲ..။

ဒီနေ့ကျမှပဲ အချိန်တွေက နောက်ကျသလို
လင်းထွဋ်သော် ခံစားနေရသည်။

အသံကို အဆုံးထိဖွင့် ပြီး WiFi ဖွင့်ထားသည့်
ဖုန်းကိုလည်း ခဏခဏကြည့်နေမိသလို
တစ်မိနစ်ချင်းရွေ့နေတဲ့ နာရီကိုလည်း
ခဏခဏ ကြည့်မိ၏။

စိုင်းစစ်သွေးမာန်နဲ့ အတူနှစ်ယောက်တည်း
အပြင်ထွက်ဖို့လောက်လေးဆိုပေမဲ့
၁ နာရီလောက်ကြာအောင် ရွေးချယ်ပြီး
အသင့်ထုတ်ထားသည့် အဝတ်အစားကို
လည်းမတွန့်မကြေ မပေမပွသွားအောင်
ခုတင်ပေါ်တွင် ဖွဖွလေးထိုင်နေမိသေးသည်။

သူ့အဖြစ်က နှလုံးသားဆီမှ
စတင်လှုပ်ခတ်စပြုတဲ့
ဆယ်ကျော်သက်လေးတွေလိုမျိုးဖြစ်နေ၏။
အင်း ။ တကယ်တော့ဆယ်ကျော်သက်လေး
မဟုတ်တော့တာပဲရှိတာပါ။
အခုမှ သူဒီလို ခံစားဖူးတာမဟုတ်လား။

ည ၇ နာရီ ခွဲတွင်မူ စိုင်းစစ်သွေးမာန်၏ account က active now ဖြစ်လာသည်ကိုတွေ့လိုက်ရ၏။
မကြာခင်မှာပင် လင်းထွဋ်သော် စောင့်နေခဲ့သည့် message သူ့ဆီမှ ရောက်လာခဲ့သည် ။

လင်းထွဋ်သော်သည် သူ့မျက်လုံးလေးများ
မှေးမှိတ်ကျသွားမတတ်ပင်ပြုံးလိုက်ပါတော့၏။

Sai Sitt Thway Marn:

'မိနစ်၃၀လောက်နေရင် ငါလာခဲ့မယ် ။
ပြင်ထားလိုက်တော့နော်'

ဟိုတယ်၏ ရေချိုးခန်းထဲမှ ထွက်လာပြီး
စိုင်းစစ်သွေးမာန် message ပို့လိုက်သည့်အခါ
မိနစ်အနည်းငယ် အတွင်းမှာပင် တစ်ဖက်က
လင်းထွဋ်သော်ဆီမှ  reply ရောက်လာသည်။

'အွန်း။ဘယ်ဆိုင်သွားမှာလဲ'

'မင်းစားချင်တဲ့ဆိုင်ရှိလား။အဲ့ဒီကိုသွားမယ်'

'ငါရှာထားတာလေးရှိတယ်'

'အင်း။ ငါလာခါနီးရင်ဖုန်းထပ်ဆက်မယ်'

စိုင်းစစ်သွေးမာန် ထိုmessage ကိုပို့လိုက်ပြီး
ဖုန်းကို မွေ့ရာပေါ်တွင်ချထားလိုက်သည်။

ရေစိုဆံပင်တွေကို dryer ဖြင့်မှုတ်၍
အဝတ်အစားဝတ်နေချိန်တွင် ဖုန်းက vibrate ဖြစ်လာ၍ ယူကြည့်လိုက်မိသည့်အခါ screen ပေါ်တွင် ပေါ်နေခဲ့သော message တစ်ခုကြောင့် အသက်ရှူနှုန်းများပင် ရုတ်တရက်ရပ်
သွားသလို ခံစားလိုက်ရ၏။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now