အပိုင်း(၉)

33.2K 2K 149
                                        



သူတို့ နေ့လယ်စာအတူစားပြီးနောက်တွင်တော့
လင်းထွဋ်သော် ဆိုင်ကို မသွားတော့ဘဲ
အိမ်ကိုသာ ပြန်လာခဲ့လိုက်သည်။

"ငါညမှဖုန်းဆက်မယ်နော်"

စိုင်းစစ်သွေးမာန် ပြောရာ လင်းထွဋ်သော်
ခေါင်းလေးတစ်ချက်ညိတ်ပြလိုက်သည်။

စိုင်းစစ်သွေးမာန်၏ကား သူတို့ကွန်ဒိုဝင်းထဲမှ
ထွက်သွားသည့်အခါမှ လင်းထွဋ်သော်
အထဲသို့ ဝင်လာခဲ့သည်။

ဓာတ်လှေကားမှတက်ခဲ့ပြီး သူ့အခန်းရှိရာသို့
ရောက်ရောက်လာချင်းပင် လင်းထွဋ်သော်ဆိုဖာပေါ်သို့ ပစ်လှဲလိုက်မိ၏။

နားထဲတွင်လည်း စိုင်းစစ်သွေးမာန်၏
အသံအား ပြန်ကြားယောင်မိသည်။

/နောက်တစ်ခါတော့ မင်းလန့်ပြီးရုန်းရင်လဲ
ငါနမ်းချင်ရင် အတင်းဖက်နမ်းမှာပဲ/

လင်းထွဋ်သော် ခပ်တိုးတိုးရယ်လိုက်ပြီးမှ
ပူပူထူထူလေးဖြစ်သွားသည့် သူ့ပါးပြင်
နှစ်ဖက်ကို လက်ဖဝါးဖြင့်ဖိပွတ်လိုက်မိသည်။

ထိုအချိန်တွင် သူ့ဖုန်းဆီမှ messenger notification အသံကိုကြားလိုက်ရ၍
ချက်ချင်းယူကြည့်လိုက်၏။

သို့သော် ပို့သူက မြတ်သွင်သာ။

'ဒီညငါလာအိပ်မယ်နော် ဘောပွဲရှိတယ်။
ညစာမချက်နဲ့တော့ ငါဝယ်ခဲ့မယ်'

မြတ်သွင်က အရင်ကလည်း လာအိပ်နေကျမို့
လင်းထွဋ်သော် 'ok' ဟုသာပြန်ပို့လိုက်တော့သည်။

ထို့နောက်တွင်မူ လုပ်စရာလည်း
မယ်မယ်ရရမရှိတာကြောင့် Messenger
ထဲမှ ထွက်ကာ Facebook သုံးနေမိသည်။
Newsfeed မှာတက်နေသည့် video
တစ်ပုဒ် ကြည့်နေစဉ်တွင် သူ သိသည့်
နာမည်ဖြင့် Friend Request တစ်ခုတက်လာ၍
သေချာအောင် profile ကို
တစ်ချက်သွားကြည့်လိုက်၏။

'Arnt Min Shein'

Profile picture ပါတင်ထားသည်ဖြစ်၍
လင်းထွဋ်သော် အမြင်မှားခြင်းမဟုတ်။
သို့သော် friend request အားလက်မခံတော့ဘဲ
လင်းထွဋ်သော် ပြန်ထွက်လိုက်တော့၏။

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now