အပိုင်း(၁၀)

36.6K 2.1K 276
                                        


ဘောလုံးပွဲ ပြီးသွားသည့်အချိန်တွင်တော့
လင်းထွဋ်သော်က နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေပြီဖြစ်သည်။

စားသောက်ထားကြသည်များကို မြတ်သွင်
ရှင်းပေးနေချိန်တွင် စိုင်းစစ်သွေးမာန်က
လင်းထွဋ်သော်ကို အခန်းထဲသို့ ပွေ့ချီ၍ ခေါ်သွားကာ ခုတင်ပေါ်တွင် သေချာစွာ
အိပ်စေလိုက်၏။

တွန့်ကုပ်ကုပ်မျက်ခုံးလေးများနဲ့
ဘာတွေရွတ်နေမှန်းမသိ ပွစိပွစိရွတ်နေသည့် လင်းထွဋ်သော်ရဲ့ နှုတ်ခမ်း​လေးကို
စိုင်းစစ်သွေးမာန် လက်မဖြင့်
ဖွဖွလေးထိလိုက်လေသည်။

"မူးနေရင် ချစ်စရာကောင်းသားပဲ။
ဒါတော့ မင်းက သူနဲ့မတူဘူး.."

လင်းထွဋ်သော်အေးအေးဆေးဆေးအိပ်နိုင်ဖို့
Aircon ဖွင့်ပေးပြီး စောင်အပါးတစ်ထည်ပါ
သေချာခြုံပေးခဲ့လိုက်ပြီးမှ စိုင်းစစ်သွေးမာန်
ပြန်ထွက်လာခဲ့သည်။

"စစ်သွေး မင်းဒီမှာ အိပ်သွားမှာမလား"

Kitchen ထဲမှ ထွက်လာခဲ့သည့်
မြတ်သွင်ကမေးလိုက်သည်။

စိုင်းစစ်သွေးမာန်က
စားပွဲပေါ်တွင် တင်ထားသော
သူ့ဖုန်းကိုသွားယူလိုက်ပြီးမှ

" မအိပ်တော့ဘူး ။ ငါပြန်တော့မယ်"

"ဟေ့ကောင် မိုးချုပ်နေပြီဟ။
မင်းသောက်လဲသောက်ထားသေးတယ်"

"ရတယ်။ ငါ မမူးသေးဘူး"

"မင်း လွတ်လွတ်လပ်လပ် အိပ်ချင်ရင်
ငါ လင်းထွဋ်နဲ့သွားအိပ်လိုက်မယ်လေ။
ဟိုဘက်အခန်းမှာ တစ်ယောက်တည်းအိပ်လိုက်"

"မဟုတ်ဘူး။ ရတယ်။
ငါလုပ်စရာလေးရှိသေးလို့"

ချွတ်ထားသည့် Jacket ကိုပါ ဝတ်နေပြီ
ဖြစ်တာကြောင့် မြတ်သွင်လည်း
ထပ်ပြောမနေတော့ဘဲ

"ဒါဆိုလဲ ဆိုင်ကယ်ဖြည်းဖြည်းမောင်းသွားဦး"

"မြတ်သွင်"

"အေး"

"လင်းထွဋ်သော်မေးရင် ငါ ဒီမှာအိပ်သွားပြီးမှ
မနက်စောစော ထပြန်သွားတယ်လို့ပြောလိုက်"

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now