အိပ်ရာနိုးလာသည့်အခါ ပထမဆုံး သတိထားမိသည်ကခေါင်းတစ်ခုလုံးဆီမှ နာကျင်ကိုက်ခဲမှု
ပင်ဖြစ်၏။မနေ့ညက စိုင်းစစ်သွေးမာန်၏ အခန်းမှာပဲ နှစ်ယောက်အတူ အိပ်ဖြစ်ခဲ့ကြ
သည်ဆိုပေမဲ့ လင်းထွဋ်သော် တစ်ညလုံး
အိပ်မပျော်နိုင်ခဲ့..။
မူးနောက်နောက်ဖြစ်နေသည့် ခံစားချက်ကို လျစ်လျူရှု၍လင်းထွဋ်သော် ကြိုးစားကာ
ထထိုင်လိုက်မိသည့်အခါ တစ်ဖက်တွင် အိပ်နေသည့် စိုင်းစစ်သွေးမာန်က မျက်လုံးဖွင့်ကြည့်လာ၏။
"ဘာလုပ်မလို့လဲ"
"ထတော့မယ်"
"အစောကြီးရှိသေးတယ်လေ။အိပ်ဦး"
"တော်ပြီ။ ငါမအိပ်ချင်တော့ဘူး"
"မအိပ်ရင်လဲ ငါနဲ့ခဏနေပါဦး။
ငါခဏနေရင် showroom ကိုသွားရတော့မှာ"
စိုင်းစစ်သွေးမာန်က လင်းထွဋ်သော်ရဲ့
ခါးကို ဆွဲဖက်၍ ပြောလိုက်သည်။
သို့သော် လင်းထွဋ်သော်သည် စိုင်းစစ်သွေးမာန်၏ လက်ကို အသာဖယ်ချလိုက်ပြီး
"ဟင့်အင်း ..တော်ပြီ"
"လင်းထွဋ်သော်"
မျက်မှောင်ကုပ်၍ ခေါ်လိုက်သည့်
စိုင်းစစ်သွေးမာန်၏ လေသံသည် စိတ်မရှည်သယောင်။ သို့သော် လင်းထွဋ်သော်က မသိချင်ယောင်ဆောင်ပြီး ခုတင်ပေါ်မှ ဆင်းလိုက်၏။ စိုင်းစစ်သွေးမာန်သည်လည်း ခုတင်ပေါ်တွင်
လှဲနေရာမှ ထရပ်လိုက်ပြီး ပြေလျော့နေသည့် bathrobe ကြိုးကို ဆွဲချည်ကာ
လင်းထွဋ်သော်ဆီသို့ လျှောက်သွားလိုက်ပြီး
လင်းထွဋ်သော်၏ ပခုံးကို ဆွဲလှည့်လိုက်သည်။
"လင်းထွဋ်သော် မင်းဘာတွေမကျေနပ်နေသေးတာလဲ။ ငါသွင်ဘုန်းသန့်ကိုမနေ့ညကပဲဖြတ်ပြီးပြီလို့ ပြောပြီးပြီလေ"
"ငါကဘာပြောနေလို့လဲ"
" ကျစ် ။ မင်းပုံစံက ဘာဖြစ်နေတာလဲ"
" ငါဘာဖြစ်နေလို့လဲ"
လင်းထွဋ်သော်က အေးအေးဆေးဆေးပင်ပြန်ပြောနေသည်။ စိုင်းစစ်သွေးမာန်သည် လင်းထွဋ်သော်၏ ထိုပုံစံကို ကြည့်၍ ပိုဒေါသထွက်ကာ လင်းထွဋ်သော်ရဲ့ ပခုံးကို ဆုပ်ကိုင်ထားရာမှ
လွှတ်လိုက်ပြီး
YOU ARE READING
ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]
RomanceHe's toxic but I can't get away from him . Own Characters.
![ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]](https://img.wattpad.com/cover/351922130-64-k577782.jpg)