အပိုင်း(၃)

45.6K 2.5K 324
                                        


အချိန်ကား ည ၁၁ နာရီကျော်ရှိပေပြီ။

လင်းထွဋ်သော်ကလွဲရင် ကျန်သည့်
သုံးယောက်လုံးလည်း တော်တော်များများ သောက်ပြီးနေကြပြီဖြစ်၏။

" စစ်သွေး ။ မင်းကားမောင်းနိုင်ပါ့မလား"

မြတ်သွင်က စိုင်းစစ်သွေးမာန်ကို
မေးလိုက်သည်။

"ရပါတယ်"

"ဖြစ်ပါ့မလား။ ငါတို့နဲ့က ကိစ္စမရှိဘူး။
မင်းတစ်ယောက်တည်း မောင်းပြန်ရင်
တော်ကြာ တစ်ခုခု ဖြစ်နေဦးမယ်။
ငါလဲ သိပ်မဟန်တော့လို့"

"လင်းထွဋ် အခုပြန်ရင်နင်မောင်းပေးလိုက်လေ"

ခင်ရတီက ဝင်ပြောခြင်းဖြစ်သည်။

"အေး ဟုတ်သားပဲ ။
လင်းထွဋ်က မသောက်ထားဘူး။
မောင်းလို့ရတယ်"

"အင်း ။ ရတယ်။ ငါမောင်းလိုက်မယ်"

" ဒါဆို ဒီလိုလုပ်။ ဒီညမင်းရဲ့
Hotel ထိ တစ်ယောက်တည်း
မောင်းပြန်မနေဘဲ လင်းထွဋ်အိမ်မှာပဲ
မင်းအိပ်လိုက်ရင်​ရော စစ်သွေး။ သူက
သူတစ်ယောက်တည်းနေတာ ၊
မင်းလွတ်လွတ်လပ်လပ်
နေလို့ရတယ်။အိပ်ခန်းလဲ ပိုတယ်"

မြတ်သွင်၏ စကားကြောင့် လင်းထွဋ်သော်
မျက်လုံးလေးတစ်ချက်ဝိုင်းသွားပြီးမှ
စိုင်းစစ်သွေးမာန်ကို ကြည့်လိုက်သည်။

စိုင်းစစ်သွေးမာန်သည်လည်း လင်းထွဋ်သော်
ကို ကြည့်၍ မသိမသာပြုံးလိုက်ပြီးမှ

"မင်းအဆင်ပြေလား"

"ဟင်..ဟို"

လင်းထွဋ်သော် တုံ့ဆိုင်းဆိုင်းလုပ်နေမိ၏။

သူ့ကွန်ဒိုသည် စုစုပေါင်းအခန်း
အိပ်ခန်း၃ ခန်းပါပြီးmaster bed roomက
နှစ်ခန်းဖြစ်၍ တစ်ခန်းတွင်
လင်းထွဋ်သော်နေရာ ၊ တစ်ခန်းကအလွတ်ဖြစ်သည်။ တစ်ခါတလေလည်း မြတ်သွင်က
ဘောလုံးပွဲကြည့်ရင်း လာလာအိပ်တတ်တာကြောင့် စိုင်းစစ်သွေးမာန် တစ်ညလောက်
အိပ်ရင်လည်း ဘာမှမဖြစ်ပေမဲ့
သူ့စိတ်က မဝံ့မရဲ ဖြစ်နေသလို..။

စိုင်းစစ်သွေးမာန်သည် လင်းထွဋ်သော်ကို
အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ
တစ်ချက်ရယ်၍

ချစ်ခြင်း၌ တစ်ဖက်သတ်ငြိတွယ်မှု [Completed]Where stories live. Discover now