10 01
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၀
ယုချူးရွှယ် ကွန်မန့်များကို မသိသေးဘဲ ကြာပန်းအား ခူးနေလျက်"ချင်းယောင် ကြာပန်းတွေကိုတဲထဲမှာ အလှဆင်ဖို့ ခူးနေတာလား"
အလှဆင်ဖို့။ ကုန်းချင်းယောင် ထိုမျှအထိ မအားနေပါချေ။
ကုန်းချင်းယောင်"မဟုတ်ပါဘူး"
"အာ့တာဆို ဘာလုပ်ဖို့လဲ"ကျုံးရှင်းရင်မှ မေးလာ၏။
"စားဖို့"
ယူချူးရွှယ် အံ့ဩသွားပြီး"ဒီပန်းက စားလို့ရတယ်လား"
"ရတာပေါ့"
ကြာပန်းများအား ခူးလိုက်ပြီးနောက် ကုန်းချင်းယောင် ပွင့်ဖတ်များကို ခြွေကာ ဆေးကြောလိုက်ပြီး ဘေးသို့ဖယ်ထားလိုက်၏။ ဖန်ဘူးထဲမှ ရေဆူလာသောအခါ သူမ ရေများကို သွန်လိုက်ပြီး ဖန်ဘူးအား မီးပေါ်သို့ ပြန်တင်ထားလိုက်လေသည်။ ထို့နောက် ကြီးမားသော ကြာပန်းအား ဆေးလိုက်ပြီး ပန်းကန်းကဲ့သို့ ခေါက်လိုက်၏။
ကျုံးရှင်းရင် အနားသို့လာရပ်ပြီး"ကြည့်လို့ကောင်းလိုက်တာ"
ကုန်းချင်းယောင် ယုချူးရွှယ် ယူလာသော ကြက်ဥအားခွဲ၍ ကြာပွင့်ဖတ်များကို ကြက်ဥထဲသို့ နှစ်လိုက်၏။ ဖန်ဘူးထဲမှရေသည် အပူချိန်ကြောင့် အငွေ့ပြန်သွားချိန် ဆီအနည်းငယ်ထည့်ကာ ကြာပွင့်ဖတ်များကို ထည့်၍ ကြော်လိုက်သည်။
ကျုံးရှင်းရင် အနည်းငယ် စိတ်လှုပ်ရှားနေပြီး"ဒါက တကယ်စားဖို့လား"
မကြာမီတွင် ကြာပွင့်ဖတ်များ ကြော်ပြီးသွားသောအခါ အခြားသူများ မလှုပ်ရှားလာသည်ကိုတွေ့၍ ကုန်းချင်းယောင်မှ"နင်တို့ စားလို့ရပြီလေ"
ကော်ယွမ်ခိုင် ချက်ချင်း အရှေ့တက်လာပြီး မုန့်တဖက်ယူလိုက်ကာ"အရမ်းပူတာပဲ"
ကျုံးရှင်းရင်မှ"ဘယ်သူက အမြန်ယူခိုင်းနေလို့လဲ"
ယုချူးရွှယ်လည်း မုန့်တဖက်ယူလိုက်၏။ သူမ ကြာပွင့်ဖတ်အား စားဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ပင်။ ကြက်ဥအရသာသည် မစပိုင်း၌ ပြင်းသော်လည်း မုန့်တဖက်စားပြီး ချိန်တွင် ပါးစပ်ထဲ၌ ပန်းရနံလေး ကျန်နေခဲ့လေသည်။ ယုချူးရွှယ် ဤအရသာသည် ကြာပန်းရနံမှန်း ချက်ချင်း သိလိုက်လေသည်။