Part 60

1.2K 151 4
                                    

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အခန်း-၆၀

ရိုက်ကွင်း ရိုက်ကူးပြီးနောက် ဖန်းကျားယွီ ထွက်လာသည်။

"ချင်းယောင် ညဘက် ဘာလုပ်မှာလဲ"

သူမ၏ စိတ်နေသဘောထားသည် အရမ်းကို စိတ်အားထက်သန်မှုဖြစ်‌နေပြီး သူမ ပတ်ဝန်းကျင်က သရုပ်ဆောင်တွေကို အံ့အားသင့်စေခဲ့ပါသည်။ ဖန်းကျားယွီသည် ဇာတ်ပို့ မင်းသမီးငယ်တစ်ဦးနှင့် မည်သို့ ရင်းနှီးနေနိုင်သနည်း။ အရေးကြီးဆုံးကတော့ ထိုဇာတ်ပို့မင်းသမီးသည် နာမည် ဂုဏ်သတင်း လုံးဝ မရှိပေ။

ကုန်းချင်းယောင် ပြောသည်။

"ညကျရင် လေ့ကျင့်‌‌ရေးရှိတယ်"

အိုက်ရှောင်းယွင်သည် တစ်ရက် နားခိုင်းသော်လည်း ကုန်းချင်းယောင်၏ အရှိန်သည်ဖြင့် သွားလျှင် ညနေခင်း လေ့ကျင့်ရေးဥ သူမ ပါဝင်နိုင်သေးသည်။

ဖန်းကျားယွီ မေးသည်။

"မင်း ခွင့်ယူလို့ရလား မင်းကို ငါတို့ ဒီည နှုတ်ဆက်ပွဲ လုပ်ပေးမို့၊ မင်း တက်လို့ရမလား"

"မရဘူး"

ကုန်းချင်းယောင်သည် ဤကဲ့သို့သော ပွဲများကို အမှန်တကယ် စိတ်မဝင်စားပေ။ အထူးသဖြင့် စီပွားရေး အသိုင်းအဝိုင်းက လူများနှင့် ဖြစ်သည်။ အများစုမှာ သဘောထားများကို ဖုံးကွယ်ထားသည်။

ဖန်းကျားယွီသည် ဒါကို သိသည်။

"စိတ်မပူပါနဲ့၊ လူများများ မရှိပါဘူး ဒါရိုက်တာစုန့်နဲ့ ကျီဝမ် ပါပဲ။ သရုပ်ဆောင်တာနဲ့ ပက်သတ်ပြီး မင်း ပိုလေ့လာလို့ ရတယ်လေ"

ကုန်းချင်းယောင်သည် သရုပ်ဆောင်ပိုင်းကို ပိုမို လေ့လာရန် သွေးဆောင် ခံခဲ့ရသည်။ ဖန်းကျားယွီသည် သူမကို အတွေ့အကြုံများစွာ သင်ကြားပေးခဲ့ပြီး ၎င်းတို့သည်လည်း သူမကို များစွာ အကျိုးပြုသည်။

ဖန်းကျားယွီက ပူနေတဲ့ သံချောင်းကို ထုရိုက်ပြီး ကျီဝမ်ကို ခေါ်လိုက်သည်။ ကျီဝမ်သည် ဖန်းကျားယွီနှင့် စွန်းဖန်ချောင် ကြားမှ အဖြစ်အပျက်ကို သိသည်။ ဖန်းကျားယွီ လှမ်းခေါ်သည်ကို မြင်၍ သူ ပြောသည်။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now