Part 47

1.5K 194 0
                                    

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အခန်း-၄၇

နံဘေးမှ လီယွဲ့မင်းသည် ချင်းဇယ်နှင့် လျှို့ဝှက်စွာ ပြောနေသည်။ သူ၏အသံသည် သေးသော်လည်း သူသည် ကုန်းချင်းယောင်၏ နားကို မဖုံးကွယ်နိုင်ပေ။ တကယ်တော့ ဗန်ကားထဲသို့ ဝင်သည့်အချိန်၌ ချင်းဇယ်သည် ကုန်းချင်းယောင်၏ ဘေး၌ ထိုင်ချင်သည်။ သို့ပေမဲ့ ဖေးဖေးသည် ကုန်းချင်းယောင်၏ ဘေး၌ ဦးစွာထိုင်သည်။ ချင်းဇယ်သည် အခြားနေရာ၌ ထိုင်ခဲ့ရပြီး လီယွဲ့မင်သည် ချင်းဇီ‌နောက် လိုက်ထိုင်သည်။

"မင်းမှာ ထူးခြားတဲ့စိတ်ရှိလို့ အဲဒီအချိန်က ဆရာသခင်ရှေ့ မြန်မြန်ရပ်ခဲ့တာလား"

ရွာသားသည် မီးဖိုချောင်ဓားကို ကိုင်လာသည့်အချိန် ချင်းဇယ်သည် ကုန်းချင်းယောင်၏ ရှေ့သို့ ချက်ချင်း ဝင်ရပ်သည်။

ချင်းဇယ် ပြောသည်။

"ဘယ်လို အဓိပ္ပာယ်မရှိတာလဲ ငါ ကလေးတွေအိမ်ပြန် ဝက်ဘ်ဆိုဒ် အတွက် လုပ်တာ"

အကြောင်းအရင်းက ဘာကြောင့်လဲဆိုတော့ ကလေးတွေအိမ်ပြန် ဝက်ဘ်ဆိုဒ်သည် ကုန်းချင်းယောင်ကြောင့် အောင်မြင်လာခြင်း ဖြစ်သည်။ ကုန်းချင်းယောင်ကို ကာကွယ်နေသ၍ ကလေးတွေ အများကြီး ရှာတွေ့နိုင်သည်။

ကုန်းချင်းယောင် ခေါင်းညိတ်ပြသည်။ ချင်းဇယ်သည် လူ့သဘောသဘာဝနှင့် အညီ တစ်စုံတစ်ခု လုပ်ခဲ့ခြင်း ဖြစ်သည်။ သူသည် နည်းနည်း ချဲ့ကားပြောသည်။

ချင်းဇယ်သည် လီယွဲ့မင်ကို စကားအချို့ပြောသည်။ ထို့နောက် သူ့ကျောပိုးအိတ်ထဲမှ ကွန်ပျူတာကို ထုတ်သည်။ ပြီးတော့ ကလေးများ၏ အချက်အလက်များကို စတင် ထည့်‌သွင်းနေသည်။ ဒီတစ်ကြိမ်၌ လီရွှမ်အပါအဝင် ကလေး ၁၆ ယောက်ကို ကယ်နိုင်သည်။ ချင်းဇယ်သည် အဖွဲ့အား ပြန်လည်စစ်ဆေးရန်နှင့် နောက်ထပ်ဆက်တွဲလုပ်ဆောင်ရန်နှင့် စီစဉ်ရန်အတွက် အဆိုပါအချက်များကို ဆိုက်တွင် ထည့်သွင်းသည်။

အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးသည့်နောက် လူတိုင်းသည် မြို့တော်သို့ ပြန်လည် ရောက်ရှိလာသည်။ လီမိသားစုသည် ဆေးရုံတစ်ခုနှင့် ချိတ်ဆက်ထားပြီး ကလေးကို ဆေးစစ်ရန် ဆေးရုံသို့ တိုက်ရိုက်ခေါ်သွားသည်။ ချင်းဇယ်သည်လည်း ချင်းအိမ်သို့ မပြန်ခဲ့ပေ။ နောက်ဆက်တွဲပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန် 'ကလေးတွေအိမ်ပြန်'ရုံးကို တိုက်ရိုက်သွားသည်။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။حيث تعيش القصص. اكتشف الآن