အခန်း-၇၈
ကုန်းချင်းယောင် အိမ်ပြန်လာပြီးနောက် သူမ သစ်သားဆိုင်းဘုတ်ကို ဆက်လက် သန့်စင်သည်။ ယနေ့ည သူမ စန်းချန်ကို အလျင်စလို သွားရန်ရှိသည်။ သို့ပေမဲ့ ကံကောင်းစွာပင် အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ရန် ချူးယွမ်သည် ထိုနေရာ၌ ရှိနေသည်။
ဖိန်းဖိန်းသည် ထိုသစ်သားဆိုင်းဘုတ်ကို မြင်ပြီး သိချင်လိုစိတ် ပြင်းစွာဖြင့် လာခဲ့သည်။ ကုန်းချင်းယောင် စန်းချင်၌ ရိုက်ကူးနေစဉ်အတောအတွင်း ဖိန်းဖိန်းသည် မျှောင်လင့်ခြင်း အလင်းရောင် ပတ်ပတ်လည်၌ ဆော့နေသည်။ လက်ရှိ၌ အိမ်မွေးတရိစ္ဆာန် သို့မဟုတ် လေလွင့်တရိစ္ဆာန် ဖြစ်ဖြစ်၊ ခွေးဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ်၊ အခြား သတ္တဝါဖြစ်ဖြစ် ထိုဧရိယာရှိ တိရိစ္ဆာန်များသည် ဖိန်းဖိန်းကို လေးစားကြသည်။
ဖိန်းဖိန်းသည် သစ်သားဆိုင်ဘုတ်ကို ပုတ်လိုက်သည်။ သူ အထဲမှ ယင်းစွမ်းအင်ကို ခံစားမိပုံပေါ်ပြီး ရုတ်တရက် အသင့်အနေအထား ဖြစ်သွားခဲ့သည်။
ကုန်းချင်းယောင်သည် ဖိန်းဖိန်း၏ အမွှေးမျာူကို ထိလိုက်သည်။
"ဒီ သစ်သားဆိုင်းဘုတ်က တစ်ကယ့်ကို သာမာန်ပစ္စည်း မဟုတ်ဘူး။ ငါ အဲတာကို သန့်စင်နေတယ်။ "
၎င်းကိုကြား၍ ဖိန်းဖိန်း ချွေပြန်လာပြီး ဆိုင်းဘုတ်ကို ပုတ်လိုက်သည်။ ထို့နောက် သူ့တင်ပါးကို လိမ်ကာ ကုန်းချင်းယောင် အိမ်ခန်းထဲမှ ထွက်လာခဲ့သည်။
ကုန်းချင်းယောင်သည် ခေါင်းခါလိုက်ပြီး သစ်သားဆိုင်ဘုတ်ကို ဆက်လက် သန့်စင်ရန် ကောက်ယူလိုက်သည်။ သူသည် ဆိုင်းဘုတ်ဆီသို့ လေးနက်သော စွမ်းအင်ကို ဖြည့်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် အခုလေးတင် ဖိန်းဖိန်းပုတ်လိုက်ခြင်းကြောင့် တံဆိပ်ကို ချိုးဖျက်လိုက်သည်ကို တွေ့၍ ကုန်းချင်းယောင် အံ့ဩသွားသည်။
သစ်သားဆိုင်းဘုတ်ပေါ်မှ တံဆိပ်သည် အရမ်း သန်မာပြီး ကုန်းချင်းယောင်သည် သန့်စင်နေစဉ် အတောအတွင်း တံဆိပ်ပေါ်၌ သေးငယ်သည့် အက်ကွဲကြောင်းကိုသာ လုပ်နိုင်ခဲ့သည်။ ဖိန်းဖိန်း တံဆိပ်ကို ချိုးဖျက်ပြီးနောက် ကုန်းချင်းယောင်၏ သန့်စင်သည့် အရှိန်နှုန်းသည် ပို၍ မြန်လာသည်။