Part 4

2.5K 280 0
                                    

4 01

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အပိုင်း ၄

ကုန်းချင်းယောင် အခုမှ သူမရှေ့တွင် ချိတ်ဆွဲပြထားသော ဟိုတယ်မှအခန်းခများအား ကြည့်လိုက်မိသည်။ အနိမ့်ဆုံး အခန်းခပင် တညကို ၅၈၈ယွမ်ရှိပေသည်။

တကယ်တော့ ကုန်းချင်းယောင်တွင် ငွေနှင့်ပက်သတ်၍ ဘာမှသိမနေပေ။ အတိတ်ကာလတုန်းက တစ်ယောက်ယောက်သည် သူမအား ငွေများအမြဲတမ်းပေးနေကာ ထိုသည်တို့ကို အစားအသောက်နှင့် အဝတ်အထည်တို့၌သာ သုံးခဲ့ပြီး တခြားအရာတို့၌ မသုံးစွဲခဲ့ပေ။ ယခုတော့ ငွေအစား ငွေစက္ကူများကိုသာ အသုံးပြုကြပြီး တန်ဖိုးများကို သူမ မတွက်ချက်တော့ပေ။ သို့ပေမယ့် တစ်ခုသေချာသည်မှာတော့ မူလကိုယ်သည် တကယ်မွဲတေနေသူပင်။ မူလကိုယ်မှာ သူမ ပိုင်သမျှသည် ဘဏ်ကတ်ထဲတွင် ရှိသည်ဟုပြောပြီး အခန်းခပေးရန်ပင် မလုံလောက်နေပေ။

သူမ ဆက်နေဖို့ အတတ်နိုင်တော့၍ အခန်းပြန်အပ်ရန် လုပ်ရတော့မည်။ ကုန်းချင်းယောင် ကတ်ကိုယူ၍ အခန်းပြန်အပ်မည်တွင် နောက်မှအသံထွက်ပေါ်လာသည်။

"ကုန်းမမလေးရဲ့ အခန်းအတွက် ငါရှင်းပေးမယ်"

ကုန်းချင်းယောင် သူမဘေးနားသို့ လာရပ်သော လူငယ်လေးအား မြင်လိုက်ရ၏။ သူမ လူငယ်လေးအား မြင်သည်နှင့် မကြာခင်တွင် ဘာလို့ဒီလိုပြောမှန်းသဘောပေါက်သွားသည်။ လူငယ်လေး၏ဘေးတွင် ချန်လဲ့ရှိနေပြီး ကလေးအား ချီထားသည့် မိန်းကလေးတစ်ယောက်လည်း ရပ်နေလေသည်။ ထိုကလေး‌သည် မနေ့က ကျိုးဟဲတို့ ပြန်ပေးဆွဲခဲ့သော ကလေးလေးဖြစ်ပေသည်။

ကုန်းချင်းယောင် လူငယ်လေးအား ကြည့်၍"အာ့တာဆို နောက်ကျရင် ပြန်ပေးပါ့မယ်"

"ကုန်းမမလေးက ကျွန်တော်တို့ မိသားစုရဲ့ ကျေးဇူးရှင်ပါ၊ အခန်းခရှင်းပေးရတာက ဘာမှမဟုတ်ပါဘူး"လူငယ်လေးသည် သန်းရှို့မင် ဟုခေါ်ပြီး Sမြို့တော်၌ ငယ်ရွယ်ပြီး ကတိတည်တတ်သည့်သူဟူ၍ ကျော်ကြားလေသည်။ သူသည် မြိုတော်ဝင်အဖြစ် လျာထား ခံရသူလည်းဖြစ်သည်။

"တကယ်လို့ ကုန်းမမလေးသာ အားရင် ဟိုနားက လက်ဖက်ရည်ဆိုင်ကို စကားပြောဖို့ သွားကြမလား"

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Onde histórias criam vida. Descubra agora