Part 19

2.4K 279 2
                                    

19 01

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အပိုင်း ၁၉

သို့ပေမယ့် ထမင်းစားပြီး ၃ယောက်လုံး ပြန်သွားသည်အထိ ဘာမှဖြစ်မသွားပေ။ ကုန်းချင်းယောင် ငွေရှင်းပြီးသည်နှင့် စားပွဲထိုးလေးမှ အပြင်သို့ လိုက်ပို့ပြီး ဆိုင်ထဲမှ ထွက်သည်နှင့် သူမ စိတ်ထဲမှ ထူးဆန်းသောခံစားချက်သည် ပျောက်ကွယ်သွားသည်။

ကုန်းချင်းယောင် ဘာအမှတ်မှ မထည့်ထားတာ တံခါးတစ်ချပ်သာရှိသော စားသောက်ဆိုင်အား နောက်ပြန်လှည့်ကြည့်လိုက်ပြီး အကြည့်ပြန်လွှဲလိုက်သည်။

အိုက်ရှောင်းယွင်မှ ကုန်းချင်း‌ယောင်အား ကားမောင်းပြီး ပြန်ပို့ကာ ည၉နာရီမှ သူမတို့ ပြန်ရောက်လာကြသည်။ အိုက်ရှောင်းယွင်မှ " အနီရောင် အဝတ်အစား လဲလိုက်ရမလား "

ကုန်းချင်းယောင် နှစ်တစ်ထောင် အေးစက်သောသံပြားနှင့် ဆော့ကစားနေပြီး သူမပြောသည်ကို ကြားထားသောအခါ နားမလည်သလိုကြည့်လာ၏။

အိုက်ရှောင်းယွင်မှ အားနည်းစွာဖြင့် " အနီရောင်က သရဲတွေကို ဆွဲဆောင်နိုင်တယ်မဟုတ်ဘူးလား "

ကုန်းချင်းယောင် "......"

" နင် ပျော်မယ်ဆိုရင် ဝတ်ပေါ့ "

ပျော်မယ်ဆိုရင်။ ဒါက ပျော်စရာကိစ္စလား။ အိုက်ရှောင်းယွင် နောက်ဆုံး၌ အနီရောင်ဝတ်စုံ မလဲဖြစ်ပေ။ ကုန်းချင်းယောင်မှ ထိုသံပြားလေးအား ကြည့်နေသည်ကိုမြင်၍ သူမလည်း ထိုင်နေလိုက်သည်။ ထို့နောက် လက်ဆွဲကွန်ပျူတာဖွင့်၍ အလုပ်စလုပ်တော့သည်။ အကြောင်းတခုခုကြောင့် သူမ ကုန်းချင်းယောင်နား ထိုင်နေရသောအခါ ရှင်းမပြနိုင်ပေမယ့် လုံခြုံနေသည်ဟု ခံစားလိုက်ရသည်။

ကုန်းချင်းယောင် နက်နဲသိမ်မွေ့သောစွမ်းအင်တို့အား သံပြားထဲသို့ အနည်းငယ် ထည့်သွင်းလိုက်၏။ သို့သော် သံပြားသည် မငြင်းဆန်လာ၍ သူမပင် အံ့ဩသွားရသည်။ ထို့နောက် သံပြားအား ကိုင်ထားလျှက် နက်နဲသိမ်မွေ့သောစွမ်းအင်အား ဖြည်းညှင်းစွာ ထည့်သွင်းနေတော့၏။

အိုက်ရှောင်းယွင် ဇာတ်ညွှန်းအား ဖတ်ပြီးသွားသောအခါ ကုန်းချင်းယောင်မှ သံပြားအား ကိုင်ထားဆဲဖြစ်သည်ကိုမြင်၍ သူမအနားသို့ လမ်းလျှောက်သွားမိ၏။ သို့ပေမယ့် သူမ အနားသို့ မကပ်နိုင်ခင် သံပြားမှ ရုတ်တရပ် အေးစက်သော ယင်းစွမ်းအင်များ ထုတ်လွှတ်လာသည်။ ပြီးနောက် ကုန်းချင်းယောင်မှ လက်သီးဖြင့် အမြန်ထိုးချလိုက်သည်။ ခဏမျှ ရုန်းကန်ပြီးနောက် ယင်းစွမ်းအင်မှာ လျော့နည်းသွားသည်။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now