ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အခန်း-၃၆
ချင်းဇယ်သည် မှာနေရင်း ပြောသည်။
"ဒီ တိုင်ဖွန်းမုန်တိုင်းခိုတဲ့ ပုစွန်က သိပ်မဆိုးဘူး" "ဒီ နှပ်ထားတဲ့တိုဖူးကလည်း ကောင်းတယ်" " အဓိက အစားအစာက ဒီပေါင်မုန့်ပြားဖြစ်တယ်" ခနမျှကြာတော့ ဟင်းခြောက်မျိုး အော်ဒါမှာသည်။
ကုန်းချင်းယောင် ချင်းဇယ်ကို ကြည့်သည်။
ချင်းဇယ်သည် တစ်ခုခုကို အာရုံရနေပုံပင် "စိတ်မပူပါနဲ့ ဒီမှာ အော်ဒါမှာတာ အကန့်အသတ်နဲ့ပါ။တကယ်လို့ လူနှစ်ယောက် အဓိက အစားအစာကို မှာခဲ့ရင် သူတို့ အပိုဟင်းပွဲ ခြောက်ပွဲထက် ပိုမှာလို့မရဘူး။"
ဘေးမှာရှိသည့် ဖေးဖေးသည် အနည်းငယ် မပျော်သလိုဖြစ်သွားသည်။သူ၏ ရှေ့ခြေနှစ်ချောင်ကို စားပွဲပေါ် ၌တင်ထားသည်။ သူ အရမ်းကို ဗိုက်ဆာနေပြီဖြစ်သည်။
ချင်းဇယ်သည် ဖေးဖေးကို ကြည့်သည်။
"သူ ဒါတွေကို စားနိုင်လား?" အိမ်မွေးတိရစ္ဆာန်တွေက သီးခြားအစားအစာ မလိုအပ်ဘူးမဟုတ်လား?ဆွေမျိုးမိသားစု၏ သမီးသည် ခွေးလေးတစ်ကောင် မွေးခဲ့သည်ကို သူ သတိရသည်။ ပြီးတော့ သူတို့ ဆားကြောင့် လူသားတွေစားသည့် အစားကို မစားနိုင်ကြဘူးဟု ပြောကြသည်။
သို့ပေမဲ့ ဖေးဖေးသည် သာမာန်အိမ်မွေးတိရစ္ဆာန် မဟုတ်ပေ။ ဒါကြောင့် သူ ဒါကိုကြားသည့်အခါ သူ ချက်ချင်း ခေါင်းညိတ်သည်။
ဒါကိုမြင်၍ ချင်းဇယ်သည် မှင်တက် လုနီးပါ ဖြစ်သည်။
"ငါဘာပြောလဲဆိုတာ သူနားလည်နိုင်တာလား?"
ကုန်းချင်းယောင် ဖြေးညှင်းစွာ ခေါင်းညိတ်ပြသည်။
ဖေးဖေးသည် ထိုနေ့က သားရဲတစ်ကောင်ဖြစ်နေသည့် အခြေအနေကို ချင်းဇယ် တွေးမိခဲ့ပြီး ဖေးဖေးကို နောက်တစ်ခါ ကြည့်သည်။ ပြီးနောက် သူ စိတ်ထဲ၌ ပြောသည်။ 'မမေ့နဲ့ အဲတာ မွန်းစတားပဲ'
ဖေးဖေးသည် ချင်းဇယ်ကို မျက်စောင်းထိုးလိုက်သဖြင့် ချင်းဇယ် ဆို့နင်သွားသည်။ ဒီ မွန်းစတာသည် တော်တော်လေး ချစ်ဖို့ကောင်းသည်ဟု သူ တွေးမိခဲ့ပေမဲ့လည်း ယခုတော့ မွန်းစတာသည် မွန်းစတာပါပင် လုံးဝ ချစ်ဖို့မကောင်းပေ။