Part 38

1.9K 241 4
                                    

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အခန်း-၃၈

ကုန်းချင်းယောင်သည် သူမ နောက်ဆုံးတစ်ခါ ‌ပြခဲ့သည့် အပြစ်အနာအဆာများကို တစ်ချက်ကြည့်သည်။ ရှီးကောင်းယီသည် လေးနက်စွာ ပြင်သည်။ အထူးသဖြင့် ကောင်းမွန်စွာ တည်ဆောက်ထား‌‌သည့် ကုမ္ပဏီအရှေ့က ပန်းပုကို သူမ အကူအညီမပေးနိုင်ပေမဲ့ ခေါင်းညိတ်သည်။

ဒါကိုမြင်၍ ရှီးကောင်းယီသည် အရမ်းပျော်သွားပြီး ကုန်းချီးယောင်ကို သူ့ရုံးခန်းဆီ လမ်းပြသည်။ထို့နောက် ကုန်းချင်းယောင်သည် သူမ ပြုလုပ်ထားသည့် ကျောက်စိမ်းနှင့်ကြေးနီ အသုံးအဆောင်ပစ္စည်းကို ထုတ်ယူသည်။

"ဒါကို ပထမထပ်က ထိုက်ကျောက်တောင်နဲ့ တူတူထားလိုက်ပါ"

ရှီးကောင်းယီ၏မျက်လုံးများသည် တောက်ပသွားခဲ့ပြီး သူ ထိုပစ္စည်းကို ရိုသေစွာ ယူသည်။

"ကျေးဇူးတင်ပါတယ် ဆရာသခင်ကုန်း" နောက်ဆုံးအကြိမ် ပြောခဲ့သည့် အသုံးအဆောင်ပစ္စည်းသည် အဆင်သင့်ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။ ကုန်းချင်းယောင်သည် အနည်းဆုံး နှစ်အနည်းငယ်ကြာမည်ဟု သူထင်သည်။

ကျောက်စိမ်း၏ ဖွဲ့စည်းပုံသည် အရမ်းကောင်းသည်။ပိုပြီးအရေးကြီးသည့် အရာသည် သူထိုပစ္စည်းကို ထိလိုက်သည့်အချိန်တိုင်း သူ သက်သောင့်သက်သာရှိသည်ဟု ခံစားခဲ့ရသည်။အစပိုင်း၌ ဧကရာဇ်ဒင်္ဂါးငါးပြား၏ ကြိုးတန်းသည်လည်း ဒီခံစားချက်ကို ပေးစွမ်းနိုင်ခဲ့သော်လည်း နောက်ပိုင်း၌ ထိုအရာသည် ပျောက်ကွယ်သွားသည်။ ဒီပစ္စည်းသည် ဧကရာဇ်ဒင်္ဂါးငါးပြားထက် တကယ်ကို ပိုကောင်းမည့်ပုံပေါ်သည်။ ရှီးကောင်းယီ ခံစားရသည့် သက်သောင့်သက်သက်ရှိ‌သောလေသည် ဝိညာဉ်စွမ်းအင်များ ဖြစ်သာ်လညါး သူသည် ကျင့်ကြံသူမဟုတ်‌သောကြောင့် သူမသိခဲ့‌ပေ။ကုန်းချင်းယောင်သည် ဒါတွေကို ရှင်းပြပြီးသည့်နောက် ထွက်လာခဲ့ပြီးနောက် ရှီးကောင်းယီသည် ကျေးဇူးတင်မှုများစွာဖြင့် လိုက်ပို့သည်။ထို့နောက် သူသည် လူတစ်‌‌ယောက်ကို ကျောက်စိမ်းနှင့်ကြေးနီဒင်္ဂါးကို ထိုက်ကျောက်တောင်နှင့် တူတူထားရန် စေခိုင်းသည်။သူသည် ထိုက်ကျောက်တောင် တစ်ဝိုက်၌ အနီအောက်ရောင်ခြည်တားမြစ်နယ်မြေတစ်ခုကို တပ်ဆင်ခဲ့ပြီး ကုန်းချင်းယောင်ကို နောက်ထပ် ယွမ်တစ်သန်း လွှဲပေးသည်။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now