11 01
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၁
ကော်ယွမ်ခိုင် ထိုအချိန်၌ တစ်ခုခုပြောသည်ဖြစ်စေ ထွက်ပြေးသည်ဖြစ်စေ လုပ်ချင်ပါသော်လည်း သူ့ခြေထောက်များ ရွှေ့မရတော့ပေ။
လုယုံရီနှင့် ယိုရှင်းယွီသည် သူတို့ရှေ့မှ အခြေအနေကြောင့် လှုပ်ခပ်ခံလိုက်ရပုံပေါ်သည်။ သူတို့ ယနေ့တော့ သရဲတွေ့ရပြီဟု ခံစားလိုက်ရလေသည်။ သူတို့ နှစ်ပေါင်းများစွာ သင်ယူလာသော ဗဟုသုတတို့ကြောင့် လက်မခံချင်ပါသော်လည်း ယခုဖြစ်ပျက်နေသမျှသည် သူတို့ သိထားသည်များ မှားယွင်းကြောင်း ပြောပြနေလေသည်။
ကုန်းချင်းယောင် အသံတိတ် သက်ပြင်းချလိုက်ပြီး လက်ဟန်တချို့ပြုလုပ်လိုက်ကာ ဝမ်းနည်းမှု့အငွေ့အသက်များကို ချဲ့ထွင်ပြီး အရာအားလုံးကို ဆွဲယူသွားရန် ပြုလုပ်နေသော အမျိုးသမီးသရဲအား ပိတ်ဆို့လိုက်၏။ ကုန်းချင်းယောင် အမျိုးသမီးသရဲအား လက်စွပ်ထဲ၌ ချိတ်ပိတ်လိုက်သောအခါ ပတ်ဝန်းကျင်သည် ပုံမှန်ပြန်ဖြစ်လာတော့သည်။ ငြိမ်းနေသော မီးသည် ပြန်ထွန်းလင်းလာပြီး အခန်းထဲမှ အပူချိန်သည်လည်း အရင်ကလောက် မအေးတော့ပေ။
လုချမ်ချမ် စူးရှစွာ " နင်က သူ့ကို လက်စွပ်ထဲထည့်လိုက်ရင် ငါက ဘယ်သွားနေရမှာလဲ "
ကုန်းချင်းယောင် လုချမ်ချမ်အား ပြန်မပြောဘဲ သက်လတ်ပိုင်းမိန်းမကြီးကို ကြည့်လိုက်ပြီး " ဘယ်တော့ ဝန်ခံဖို့သွားမှာလဲ "
လုယုံရီနှင့် အခြားလူ၂ယောင်သည် ကုန်းချင်းယောင် ထိုမျှရှုပ်ထွေးသော မေးခွန်းမေးသည်ကို ကြားပြီးသည်အထိ ဘာဖြစ်သွားမှန်း ပြန်မတုံ့ပြန်နိုင်သေးပေ။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက မေးခွန်းမဟုတ်ဘူး။ ကုန်းချင်းယောင်က အေးအေးဆေးဆေး စဉ်စားချင့်ချိန်ပြီးမှ ပြောတဲ့ လေသံမျိုး။
စတင်၍ စိတ်တိုလာသူမှ ကော်ယွမ်ခိုင်ဖြစ်ပြီး " ချင်းယောင် သူတို့ ဘာလုပ်ထားကြလို့လဲ "
သူ့မျက်စိထဲတွင် အခန်းထဲ၌ သရဲတစ်ကောင်၊ ကလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ရှိပြီး သူတို့ ၃ယောက်ကိုပါ ထည့်ပေါင်းလျှင် ထိုသရဲသည် အကြောင်းကိစ္စမရှိဘဲ ဆိုးဝါးသောအရာများကို ပြုလုပ်သည်မှာ မဖြစ်နိုင်ပေ။