Part 50

1.4K 192 0
                                    

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အခန်း-၅၀

ချင်းဇယ်သည် ရိုးရှင်းစွာ ဖြေသည်။

"ရတယ်"

ကုန်းချင်းယောင် : .....ငါ ဘာမှ မပြောရသေးဘူးလေ။

ချင်းဇယ်သည် ကုန်းချင်းယောင် အိမ်အောက်သို့ လျင်မြန်စွာပင် ကားမောင်းလာသည်။ ကုန်းချင်းယောင် ကားထဲသို့ ဝင်ပြီးသည့်အချိန်၌ ချင်းဇယ်သည် စက်နှိုးလိုက်ပြီး မေးသည်။

"ဘယ်မှာလဲ..."

ချင်းဇယ်သည် ဖေးဖေး မည်သည့်နေရာ၌ ရှိသည်ကို မေးချင်ခဲ့ပေမဲ့ ဖေးဖေးသည် သူ့ကို လူများက ခွေးဟုခေါ်သည်ကို မကြိုက်ပုံပေါ်သည်။

ကုန်းချင်းယောင် ပြောသည်။

"အိမ်မှာ"

ချင်းဇယ်သည် သူ့ ထိုင်ခုံခါးပတ်ကို ချိတ်လိုက်သည်။

"ငါတို့ ဘယ်သွားကြမလဲ"

ကုန်းချင်းယောင် ပြောသည်။

"မြို့Cကို သွား"

မြို့C သည် မြို့တော်နှင့် သိပ်မဝေးပေ။ ချင်းဇယ်သည် သူ ကားမောင်းလျက် မေးသည်။

"ငါတို့ မြို့Cမှာ ဘာလုပ်ကြမလို့လဲ"

ကုန်းချင်းယောင်သည် ချင်းဇယ် မမေးလောက်ဘူး‌ဟု တွေးသည်။ သို့သော်လည်း ကုန်းချင်းယောင်သည် ယခုအချိန်အထိ ပြဿနာကြီးကြီးကို ထုတ်မပြောခဲ့ပေ။

"မကြာသေးမီက ကလေးတွေအိမ်ပြန်ရဲ့ ခြားနားမှုအချို့ မင်း တွေ့ခဲ့သေးလား"

‌ကလေးတွေအိမ်ပြန်အကြောင်း ပြောနေသဖြင့် ချင်းဇယ်သည် ပို၍ လေးနက်လာသည်။

"အမျိုးသမီးကြီးတွေ၊ ကောင်မလေးတွေ၊ ကလေးတွေ ပိုပိုပြီးပျောက်လာတယ်လေ"

ကုန်းချင်းယောင် ခေါင်းညိတ်ပြသည်။

ကုန်းချင်းယောင် လက်ခံသည်ကိုမြင်၍ ချင်းဇယ် ခေါင်းညိတ်ပြခဲ့ပြီး ပြောသည်။

"အစတုန်းကတော့ ကလေးတွေအိမ်ပြန် အကြောင်း လူတိုင်းကို သိစေခဲ့တဲ့ နိုင်ငံအနောက်မြောက်ရွာက အဖြစ်အပျက်ကြောင့်လို့ ထင်ခဲ့ပေမဲ့ လွနိခဲ့တဲ့နှစ်ရက်အတွင်း ကလေးနဲ့ အမျိုးသမီးပျောက်ဆုံးမှု ပိုများလာတာကို တွေ့ရတယ်။ တစ်ခုခုမှားနေတာလို့ ငါ ထင်တယ်။ ငါ ဒီမနက်ပဲ ရဲဌာနကို မေးဖို့ သွားခဲ့ပြီး ယေဘူယျအားဖြင့် နှစ်ကုန်၌ အမျိုးသမီး၊ ကောင်မလေးနှင့် ကလေးများသည် အခါတိုင်းထက် ပျောက်ဆုံးနေကြောင်း သူတို့ ရှင်းပြခဲ့တယ်"

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now