Part 94

501 67 0
                                    


အခန်း-၉၄

ပထမအပိုင်း၌ နတ်သမီး လန်ယွင်ဇာတ်ကောင်၌ ကုန်းချင်းယောင် ပါဝင် သရုပ်ဆောင်ပြီး ပေါ်လာသည်။ ချူးယွမ်သည် ထိုဇာတ်ဝင်ခန်းကို မြင်သည့်အခါ အရမ်းပျော်သွားသည်။ ထန်ကျင်းသည် ထိုဇာတ်ဝင်ခန်း ရိုက်သည့်အချိန်၌ NGအမြဲလုပ်သည်။ အဆုံး၌ အရှေ့မြင်ကွင်းကို မရိုက်နိုင်တော့သောကြောင့် ဒါရိုက်တာသည် အနောက်မြင်ကွင်းကို ရိုက်ရန် ညှိယူလိုက်ရသည်။ သို့ပေမဲ့ အနောက်ဘက် မြင်ကွင်းကို ကြည်လျှင်တောင် သူမ၏ အမယောင်သည် ကမ္ဘာမြေကို ဆင်းသက်လာသည့် နတ်သမီးနှင့် တူသည်။

တစ်ပိုင်းကြည့်ပြီးနောက် ချူးယွမ်သည် ဝေ့ပေါ်ကို ပျော်ရွှင်စွာ ဝင်လိုက်သည်။ အင်တာနက်၌ ချီးကျူးမှုတွေ အများကြီး ရှိမယ်လို့ သူမ ယုံကြည်သည်။ ယနေ့ည၌ ကုန်းချင်းယောင်သည် 'ယိယောင်' အတွက် ဇာတ်ညွှန်းကို ဖတ်နေသည်။ သရဲတစ်ကောင်အတွက် ဇာတ်လမ်းကို တစ်ယောက်တည်း ကြည့်ရသည်က အရမ်းပျင်းဖို့ ကောင်းသည်ဟု လုချမ်ချမ် ခံစားမိသောကြောင့် သူမ ချူးယွမ်ဆီသို့ ပျံသွားပြီး တူတူကြည့်ရန် အနောက်၌ ရပ်နေသည်။

ချူးယွမ်သည် ဝေ့ပေါ်သို့ ဝင်နေသည်ကို မြင်၍ လုချမ်ချမ် တိတ်တတဆိတ် ခေါင်းညိတ်လိုက်သည်။ ဤချူးယွမ်သည် တော်တော်လေး တော်သည်။

ချူးယွမ်သည် ဝေ့ပေါ်ကို စကန်ဖတ်လိုက်ပြီး လုချမ်ချမ်သည် သူမနောက်၌ ရပ်နေပြီး စခရင်ကို စူးစိုက်စွာ စိုက်ကြည့်နေသည်။ လူတစ်ယောက်၊ သရဲတစ်ကောင်သည် များစွာသော အင်ျာနက်သုံးစွဲသူများက မှတ်ချက်ရေးထားသည်ကို တွေ့လိုက်သည်။

[အို၊ နတ်သမီး လန်ယွင်က အရမ်းလှတယ်။]

[အခုလေးတင် ငါ Baiduကို စစ်ဆေးလိုက်တာ။ နတ်သမီး လန်ယွင်နေရာမှ သရုပ်ဆောင်တာက ကုန်းချင်းယောင်ပဲ။ ငါ သူမပရိသတ်အဖြစ် ပြောင်းသွားပြီ။]

[ခနစောင့်၊ ငါလည်း ကုန်းချင်းယောင်ရဲ့ ပရိသတ်အဖွဲ့ထဲ ဝင်မယ်။]

[ငါ့မိသားစုက အေးပြီး ရည်မွန်တာကြောင့် ခံ့ညားတယ်၊ အား၊နိုး၊ နတ်သမီးလန်ယွင်က အရမ်း လှတယ်။]

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Tempat cerita menjadi hidup. Temukan sekarang