5 01
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၅
အပြင်မှ လူများသည် ကုန်းချင်းယောင် တံခါးမဖွင့်မှာ စိုး၍ ထင်သည် သူတို့မှ စတင်၍အော်လာ၏။
"ရဲတွေပါ၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ"
ကုန်းချင်းယောင် အဝတ်အစားလဲ၍ တံခါးဖွင့်လိုက်သော်အခါ တံခါးခေါ်ကနေသူမှာ ရဲသက်သေခံကတ်အား ကိုင်ထားသည့် ချန်လဲ့မှန်း မြင်လိုက်ရ၏။ ချန်လဲ့သည် တံခါးဖွင့်သည့်သူမှာ သူမမှန်းမမျှော်မှန်းထား၍"မင်းလား"
ကုန်းချင်းယောင် ခေါင်းညိတ်လိုက်သည်။
ချန်လဲ့"ဘေးအခန်းက ဘာသံများကြားမိသေးလဲ"
သူမ စိတ်ထဲ၌ အချိန်အား သေချာတွက်ချက်လိုက်ပြီးနောက်"နာရီဝက်မတိုင်ခင်ကတော့ ဘာသံမှမကြားရပါဘူး"
ဘေးအခန်းမှ လှုပ်ရှားသံများသည် လွန်ခဲ့သည့် နာရီဝက်မျှကမှ စတင်ခဲ့တာဖြစ်သည်။ ထိုအချိန်၌ စားပွဲထိုးလေးမှာ နစ်နာသူအား ရှာတွေ့ခဲ့သည့် အချိန်ဖြစ်ပေသည်။ ချန်လဲ့ နေရာ၌ ခဏမျှရပ်နေပြီး သူမအား ဘာဖြစ်သည်ကို မမေးတော့ဘဲ ခေါင်းကိုသာ ကုတ်ခြစ်နေလေသည်။ ပုံမှန်လူများသည် ထိုသို့လှုပ်ရှားသံများ ကြားရလျှင် ဘာဖြစ်သလဲ သိရဖို့ အပြင်သို့ ထွက်ကြည့်ကြမှာဖြစ်ပြီး တကယ်လည်း တထပ်လုံးရှိ ဧည့်သည်များမှာ ထွက်လာကြလေ၏။ သို့သော် ကုန်းချင်ယောင်မှာ အပြင်သို့ ထွက်မလာ၍ ထိုသို့အရာများကို စိတ်မဝင်စားသကဲ့သို့ပင်။
ချန်လဲ့ နောက်ထပ်မေးခွန်းများ မေးမလာ၍ ကုန်းချင်းယောင်မှ"ဘာထပ်မေးစရာရှိသေးလို့လဲ"
ချန်လဲ့မှ လျှင်မြန်စွာနှင့်"မရှိတော့ပါဘူး"
သူမ အခန်းထဲသို့ ပြန်ဝင်၍ တံခါးပိတ်တော့မည့် ဆဲဆဲတွင် ချန်လဲ့မှ ထပ်၍"ကိုယ့်ရဲ့လုံခြုံရေးကို သတိထားနော်"ဟု ပြောလာ၏။
နောက်တနေ့တွင် ဟိုတယ်သည် ပုံမှန်အတိုင်း လည်ပတ်နေ၏။ မနေ့ညက ဘာမှမဖြစ်ပျက်ခဲ့ သလိုပင်။ ကုန်းချင်းယောင် တောင်ပေါ်မှ တရားထိုင်ပြီး ပြန်လာသောအခါ တစ်ခုခုထူးခြားနေမှန်း တွေ့လိုက်ရသည်။ ယနေ့ မနက်စာသည် ပုံမှန်ထက် ၃ပုံ ၂ပုံမျှ နည်းနေ၏။ သူမ ဆန်ပြုတ်၁ပန်းကန် ခပ်ကာ အရွက်နှင့် သစ်သီးများကို ပန်းကန်၁လုံးထဲထည့်၍ နေရာရှာကာ ထိုင်လိုက်ပြီးနောက် ချန်လဲ့ထံမှ ဖုန်းခေါ်လာလေသည်။