28 01
ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၂၈
ကုန်းချင်းယောင် ခေါင်းခါလိုက်၏။ သူမ ထိုသစ်သီးအား မြင်ဖူးပေမယ့် မည်သည့်နေရာ၌ မြင်ဖူးမှန်း မမှတ်မိတော့ပေ။
" သစ်သီးက ခူးရတာခက်တယ် "
လုယုံရီ သစ်သီးအား အားအတော်သုံး၍ ယခုလေးတင်ခူးဖို့ ကြိုးစားထားသည်ဖြစ်ပြီး " ပြီးတော့ ပထမဆုံး အာ့အသီးကို မြင်ဖူးတာပဲ "
ကုန်းချင်းယောင် ခေါင်းညိမ့်ပြလိုက်၏။
အရှေ့၌ သွားနေသော ကျုံးရှင်းရင်မှ လည်ပြန်ကြည့်လာပြီး သူမအသံသည် အဓိပ္ပါယ်တမျိုးပါနေသလို " ယုံရီ နင် ချင်းယောင်နဲ့ ဘာတွေ တိုးတိုးပြောနေတာလဲ "
ဘေးရှိ ကော်ယွမ်ခိုင်မှ " ဟုတ်တယ် ဘာလို့ ငါတို့ကိုပါ မပြောတာလဲ ငါတို့က သိလို့မရဘူးလား "
လုယုံရီ မျက်နှာသည် အနည်းငယ် ပြောင်းသွားပြီး ရှိုးပွဲစစဉ်ကလေသံနှင့်မတူစွာ " ချင်းယောင်ကို ပုံမှန်လေသံနဲ့ ပြောနေတာပါ၊ ဘယ်နားမှာ တီးတိုးပြောလို့လဲ "
ကျုံးရှင်းရင် လုယုံရီမှ တိုက်ရိုက်ထုန်လွှင့်မှု့ရှိုး၌ တကယ့်စိတ်ရင်းအား ဖော်ပြလာမည်ဟု မထင်ထားပေ။
" တောင်းပန်ပါတယ် ငါ မရည်ရွယ်ပါဘူး "
လုယုံရီ တစ်ခုခုမှားနေသည်ဟု ကြည့်ရှူ့သူအချို့မှ ခံစားလိုက်ရပြီ...
[ မိန်းကလေးတစ်ယောက်ကို ဘယ်လိုပြောလိုက်တာလဲ]
[ ငါလည်း သူမှားတယ်လို့ထင်တယ်]
[အာ့တာက အပြစ်စိတ်ကြောင့်ဖြစ်သွားတာမျိုးလား?]
[ အပေါ်က ရေးတဲ့သူရေ သတိထားပါဦး လုယုံရီက ပုံမှန်အသံနဲ့ပြောနေတာပါ၊ မကျယ်သလို တိုးမနေဘူး၊ အနည်းဆုံးတော့ အားလုံးကြားရလောက်တဲ့ အနေအထားပဲ]
[ သတိထားပါဦးဟဲ့ ဒါက တိုက်ရိုက်လွှင့်နေတာလေ မိုက်တပ်ထားပြီး ဘယ်သူက တိုးတိုးပြောမှာလဲ?]
[ ဒါပေမယ့် ချင်းယောင်နဲ့ လုယုံရီကြားထဲမှာ တခုခုရှိတယ်လို့ ခံစားနေရတုန်းပဲ ]