Part 18

2.2K 281 0
                                    

18 01

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အပိုင်း ၁၈

ကုန်းချင်းယောင် ငြင်းလိုက့်ပြီး အိုက်ရှောင်းယွင်မှ " နင်ဘာလို့ အာ့ကိုမသွားတာလဲ သူတို့က ရှန့်ကူးလမ်းထဲမှာ နာမည်အကြီးဆုံးနဲ့ ရှေးအကျဆုံးပဲလေ "

ကုန်းချင်းယောင်မှ ရိုးသားစွာ " ပိုက်ဆံမရှိဘူး "

အိုက်ရှောင်းယွင်နှင့် ကျန့်ယွမ်တို့ "......."

အာ့တာလဲ အဓိပ္ပါယ်ရှိတာပဲ။

ကျန့်ယွမ်မှ အကြံပေးလာ၏။ " ဟုန်ကျစ်ဆိုင်ကိုသွားရင်ရော "

အဆုံးမှာ‌တော့ သူတို့ ကုန်းချင်းယောင် တကယ်သဘောကျပြီး လောင်ကျန်းဆိုင်မဟုတ်သော ဆိုင်တဆိုင်အား သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုဆိုင်သည် အခြားရှေးဟောင်းအရောင်းဆိုင်များ ထက်ပို၍ရိုးရှင်းလေသည်။

ဆိုင်ထဲသို့ ဝင်သွားပြီး အိုက်ရှောင်းယွင်မှ အော်ဟစ်လာ၏။ " ဝိုး... ဒီဆိုင်က ရိုးရှင်းပေမယ့် ဝင်ဝင်ချင်း နွေးထွေးတယ်လို့ ခံစားလိုက်ရတယ် "

ကုန်းချင်းယောင်မှ " ဖုန်းရွှေအစီအရင် ရှိနေလို့ "

ကျန့်ယွမ်၏ ကုန်းချင်းယောင်အပေါ် လေးစားမှု့သည် ပိုတိုးလာ၏။ သူမ တကယ်ပဲ ဒါကိုတောင်သိတာလား။ " ဟုတ်တယ် ဒီဟုန်ကျစ်ဆိုတဲ့ ဆိုင်က ဆရာသခင် လျန်ယဲ့ဟုန့် ဖွင့်ထားတာ "

လျန်ယဲ့ဟုန့်သည် မြို့တော်၌ နာမည်ရထားသော ရုပ်လွန်ပညာရှင်ပင်။ သူသည် နဂိုကတည်းမှ ချမ်းသာကာ ရုပ်လွန်ပညာအား စိတ်ဝင်စားသောကြောင့် ပစ္စည်းကောင်းများစွာကို စုဆောင်းထားသေးသည်။ လျန်ယဲ့ဟုန့်သည် တဲ့တိုးပြောတတ်သူဖြစ်ပြီး ရုပ်လွန်ပညာအား နားမလည်သော သူများမှာ ဒီနေရာသို့ ပစ္စည်းလာဝယ်တတ်ကြ၏။ သူတို့သည် ကံကြမ္မာဖတ်ခိုင်းတတ်သည့်အပြင် အဆောင်များကိုပဲ တွဲဝယ်တတ်ကြသည်။

အိုက်ရှောင်းယွင် " အံ့ဩစရာကောင်းလိုက်တာ "

အိုက်ရှောင်းယွင်လည်း အစ၌ ထိုအရာများကို မယုံကြည်သော်လည်း အိမ်မက်မက်ပြီးသည့်နောက် ရုပ်လွန်ပညာမှာ တကယ်ရှိမှန်း ယုံကြည်လာ၏။

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ။Where stories live. Discover now