ဒိုင်း! ဒိုင်း!
"ရှေ့ဂိတ်ကနေပိတ်ထားစမ်း အား!"
သွေးတွေဖြာကနဲထွက်ပီးနောက်၊ရင်ခေါင်းသံနဲ့အတူပွင့်နေတဲ့ကားတံခါးကနေတဆင့် လမ်းမပေါ်ဒလိမ့်ခေါက်ကွေးပြုတ်ကျ၏။သေနတ်သံတွေ၊အရှိန်နဲ့ပြေးနေတဲ့ကားတွေရဲ့ဘီးလုံးပွတ်ဆွဲသံတွေကြောင့် ဆူညံနေတဲ့ ဆိုလ်းမြို့လယ်ခေါင်ကမိုးမျှော်တံတားဟာ လက်ရှိအချိန်မှာတော့အန္တရာယ်ဇုန်အနေအထားဖြစ်နေသည်။
ရှစ်စီးခန့်ရှိမည့်အနက်ရောင်ကားတွေက အဖြူရောင်ပြိုင်ကားတစ်စီးကိုပဲပစ်မှတ်ထားပီး လိုက်လံပစ်ခတ်နေတာဖြစ်သည်။အင်အားချင်းမမျှတဲ့အနေအထားမှာပေမယ့် လမ်းမပေါ်အတုံးအရုန်းနဲ့လဲနေကြတဲ့သူတွေက ထိုအနက်ရောင်ကားထဲကလူတွေချည်းသာ။ အဖြူရောင်ပြိုင်ကားရဲ့ပြတင်းတံခါးတစ်ခါချလျှင် တစ်ဖက်ကားပေါ်ကလူသုံးယောက်လောက်ကိုပစ်သတ်နေတာမို့ လမ်းမပေါ်မှသွေးတွေဟာမြင်မကောင်းအောင်ရှိနေ၏။
ထိုအချိန်မှာပင် ။
တံတားရဲ့တစ်ဖက်ခြမ်းစီမှ အနီရောင်အချက်ပေးမီးတပ်ထားတဲ့ယာဥ်တန်းရှည်ကြီးဟာ အရှိန်တင်လျက်ပင်အန္တရာယ်ဇုန်အတွင်းချဥ်းကပ်လာနေပီဖြစ်သည်။
"မစ်ရှင်သိမ်းမယ် အကုန်ပြန်ဆုတ်!"
စက္ကန့်ပိုင်းအတွင်းပင်အနက်ရောင်ကားတစ်ချို့ပျောက်ကွယ်သွားကာ သေနတ်သံတွေတိတ်ဆိတ်သွား၏။ လမ်းမပေါ်လဲကျနေတဲ့သူတွေကတော့ နှလုံးနေရာတည့်တည့်ကိုသာပစ်မှန်သွားခဲ့တဲ့ကျည်ဆံလက်ချက်ကြောင့် အသက်ဝိဉာဥ်မဲ့နေလျက်..။
"ယာဥ်တန်းကိုရှေ့ဆက်မလာဖို့ပြောလိုက်"
စတီယာရင်ပေါ်ကိုလက်ချောင်းတွေနဲ့တောတ်နေရင်းက အမိန့်သံပေးလိုက်လျှင် ဘေးခုံရှိလက်ထောက်ကဆက်သွယ်ရေးကြိုးနဲ့အလုပ်ပြန်ရှုပ်သွား၏။ ခုနကသွေးပူလေ့ကျင့်ခန်းလုပ်လိုက်ရသည်မို့ ဆောင်းဟွန်းစိတ်ထဲကကျေနပ်အားရစိတ်တွေဟာ အတိုင်းအဆတစ်ခုမှာ။ ထို့နောက် လဲကျနေတဲ့ကောင်တစ်ကောင်အပေါ်ကနေ ကားဘီးကိုလှိမ့်ခဲ့လိုက်ရင်း သတိအနေအထားရပ်နေကြတဲ့လူအတန်းလိုက်ဆီအထိ အရှိန်တင်ပစ်လိုက်သည်။