"သတင်းထွက်မလာအောင်ပဲ ထိန်းချုပ်ထားလိုက်ပါအဖေ။တစ်ဖက်ကောင်လေးကိစ္စကို ကျွန်တော်ပဲဖြေရှင်းလိုက်ပါ့မယ်""ဆောင်းဟွန်းကို မင်းထိန်းနိုင်မှာမဟုတ်ဘူးJoe။သူထွက်လာတာနဲ့ အဲ့ဒီကောင်လေးကသူ့အပိုင်ဖြစ်ပြီးတဲ့အကြောင်းကို ထုတ်ပြမှာအသေအချာပဲ"
"သူကကျွန်တော့်သားပါအဖေ။ကျွန်တော်မထိန်းနိုင်စရာအကြောင်းမရှိဘူး။အဖေလည်း ကျွန်တော်နဲ့ပူးပေါင်းပေးပါ.."
ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချထားပြီးတဲ့သားမက်ဖြစ်သူကိုကြည့်ကာ 'ပတ်ခ်ဟိုဆဲ့'သက်ပြင်းအရှည်ကြီးကိုချမိ၏။
မြေးကိစ္စကို သားမက်ဆီပြောပြသင့်၊မသင့်ကို သေချာစဉ်းစားပြီးမှ ထုတ်ပြောခဲ့တာ..။မှန်းထားသည့်အတိုင်းပဲ။အကြောင်းအရင်းကိုသိပြီးတာနဲ့ ဟယ်လီကော်ပတာတစ်စီးကသူ့အိမ်ရဲ့အနောက်ဘက်မြက်ခင်းပြင်မှာ ဆိုက်ရောက်လာတာပင်။
"ကောင်လေးမှာသူ့အကိုပဲရှိတော့တာဆိုတော့ ပိုပြီးကိုင်တွယ်လို့လွယ်ပါတယ်။အဖေသာကျွန်တော်ပြောတဲ့အစီအစဉ်အတိုင်း ဆောင်းဟွန်းကိုထိန်းထားပေးပါ"
"ဒီကိစ္စတွေဆောင်းဟွန်းသိသွားရင် မင်းတို့သားအဖဆက်ဆံရေးက ပြန်အဖတ်ဆယ်လို့ရမှာမဟုတ်ဘူး Joe။ဒါကို မင်းမမေ့နဲ့"
Joe Wilsonမျက်နှာ မဲ့ကနဲဖြစ်သွား၏။ပြီးမှ မျက်နှာထားကိုပြန်ထိန်းကာ ဆိုဖာပေါ်ထိုင်နေရာမှထရပ်ပြီး..
"သားအတွက်ပဲ အဖေ။နောက်ရွေးကောက်ပွဲမှာ သူဝန်ကြီးရာထူးရဖို့က သေချာသလောက်ဖြစ်နေပြီ။အိမ်ပြာတော်ဘက်က ဆောင်းဟွန်းကိုအမှီသဟဲပြုချင်လာအောင် ကျွန်တော့်ဘက်ကအားပိုစိုက်ထားတာမို့ အဖေ့ဘက်ကလည်းဆောင်းဟွန်းကို ထိန်းရသလောက်ထိန်းထားပေးပါ"
"ငါနားလည်ပြီ။ဂရုစိုက်ပြန် Joe"
Suitအနက်ရောင်ဝတ်ထားတဲ့Joeက သူ့ကိုခေါင်းငုံ့အရိုအသေပေးပြီးနောက် ခြံအနောက်ဘက်ဆီသို့လှည့်ထွက်သွား၏။သူ့နောက်လိုက်အပေါင်းအပါတွေလည်း တန်းစီထွက်သွားကြကာ ၊သိပ်မကြာခင်မှာပဲ ဟယ်လီကော်ပတာတစ်စီးမောင်းထွက်သွားသည့်အသံကို ပတ်ခ်ဟိုဆဲ့ ဧည့်ခန်းမှာထိုင်နေရင်းမှကြားလိုက်ရတော့သည်။