7

1.3K 183 33
                                    



"ကိုယ်အခုပဲအိမ်ပြန်ရောက်တယ်။မနက်သုံးနာရီဆိုတော့ အခုချိန် မင်းအိပ်နေလောက်မလား"



"ဒီနေ့ ကိုယ်နိုင်ငံခြားခရီးစဉ်ရှိတယ်။ညနေလေးနာရီပေမယ့် မနက်ကကိုယ်ပို့ထားတဲ့စာကို ခုချိန်ထိမင်းမဖတ်သေးဘူးပဲ"

လွန်ခဲ့တဲ့လေးရက်မြောက်မှ ဝင်ထားတဲ့စာတိုနှစ်စောင်။ဆောနူဘက်ကသူ့ကိုစာမပြန်မိ၍လား။ဒါမှမဟုတ် သူမအားတော့တာကြောင့်ပဲလားတော့မသိပါ။ထိုဖုန်းနံပါတ်မှဆက်သွယ်ထားမှုဆိုတာ စာတိုနှစ်စောင်သာလျှင်ရှိနေ၏။

Heatကာလဖြတ်သန်းနေရတဲ့အချိန်ဖြစ်နေလို့ ဖုန်းကိုမကြည့်မိတဲ့အကြောင်းကို ခုချိန်မှာစာပြန်ပို့ထားလိုက်သင့်လား..။ထပ်ပြီး ဘာဆက်သွယ်မှုမှလုပ်မလာတာကြည့်ရရင် ဆောနူကသူ့စာကိုလျစ်လျူရှုတယ်ဆိုပီး စိတ်ကွက်နေသည်ထင်၏။ဒါမှမဟုတ် သူမအားတော့၍များလား..။

ဖုန်းScreenကိုငိုင်တွေကာကြည့်နေမိတဲ့အခိုက်အတံ့မှာ အိပ်ခန်းအပြင်ဘက်မှတံခါးခေါက်သံခပ်တိုးတိုးကြားရ၏။ထိုအခါမှ ခါးအထက်ထိလွှားခြုံထားတဲ့သိုးမွှေးစောင်ကိုခွါချကာ တံခါးရှိရာဆီသွားရသည်။ဆောနူအိပ်ယာပေါ်ကအဆင်းမှာ အနက်ရောင်ခြုံစောင်လေးက ဝါနုရောင်မွှေးပွကြမ်းခင်းလေးအပေါ် ပြုတ်ကျကျန်ခဲ့လေ၏..။


"သခင်ငယ်လေးအတွက် မနက်စာအဆင်သင့်ဖြစ်ပါပီ။အောက်ထပ်မှာ ဥက္ကဌကင်လည်းစောင့်နေပါတယ်သခင်ငယ်လေး"



"ခဏစောင့်ပေးဖို့ ကိုကို့ကိုပြောထားလိုက်ပါ။ပြင်ဆင်ပီးတာနဲ့ချက်ချင်းလာခဲ့မှာမို့"

ပြောပီးသည်နှင့် ဆောနူရေချိုုးခန်းထဲသို့တန်းဝင်တော့၏။မျက်နှာပေါ်ရေမွှားတွေကျလာတော့ စိတ်ထဲမှာလန်းဆန်းစပြုလာသည်။လက်ကောက်ဝတ်နှစ်ဖက်မှာရှိနေတဲ့ ဆပ်ပြာအမြှုပ်တွေကိုကြည့်နေရင်းမှ ဆောနူ့လက်ကောက်ဝတ်ကိုသူ့လက်ဖြင့်ဖတ်ကနဲဆုပ်ကိုင်ခံလိုက်ရတဲ့အခိုက်အတံ့ကို ပြန်အမှတ်ရမိတော့ ပါးပြင်နှစ်ဖက်ကရှိန်းကနဲ။

အလှလေးကို မထိပါနဲ့Where stories live. Discover now