"အဲ့ဒီနေ့scheduleကြည့်ပီးရင် ကျွန်တော်အကြောင်းပြန်ပေးထားပါ့မယ်။မနက်ဖြန်Dinnerအတွက်ကတော့ အချိန်ဘယ်လိုမှညှိမရလို့ပါ""နားလည်ပါတယ်...။ကိုယ့်ဘက်ကတောင်းဆိုတာအလျင်လိုသွားခဲ့လို့ပဲလေ။ဒါပေမယ့် ဒီနေ့အိမ်အပြန်ကိုကိုယ့်ကားနဲ့လိုက်ပို့ခွင့်ပေးနိုင်မလားဆောနူ..။တစ်ရက်တည်းမှာ နှစ်ခါတော့မငြင်းလောက်ဘူးမလား.."
"ဒီနေ့ကတော့ တကယ်အဆင်မပြေလို့ပါ။ထပ်ပြီးနားလည်ပေးစေချင်ပါတယ် စီအီးအို"
မျက်နှာပျက်သွားပေမယ့် နားလည်ပြီဆိုသည့်သဘောဖြင့် ခေါင်းညိတ်ပြ၏။ဆောနူ့ထပ်ပိုပြီးအရပ်မြင့်တဲ့ ထိုL*brand၏ စီအီးအိုက အခုလည်းလျှောက်လမ်းထောင့်မှာမျက်နှာချင်းဆိုင်ရပ်နေကြပေမယ့် သူ့ပုံစံကဆောနူကိုမိုး၍ကြည့်နေသလိုမျိုးပင်။
"ဒါဆို ကျွန်တော့်ကိုသွားခွင့်ပြုပါဦး။အိမ်ပြန်ဖို့ ကားရောက်နေလောက်ပီမို့ပါ"
"ကိုယ်ထပ်ပြီးဆက်သွယ်ပါ့မယ်"
ဆောနူအပြုံးနုနုဖြင့်နှုတ်ဆက်ပီး ထိုစီအီးအိုရှေ့မှထွက်ခဲ့လိုက်၏။အိမ်ပြန်ဖို့လို့ပြောခဲ့ပေမယ့် ဆောနူရဲ့ဦးတည်ရာက
Leather ကုတ်အက်ျီ၏ပုခုံးအစွန်းတစ်ဖက်မြင်နေရသည့် ထောင့်ချိုးဘက်ဆီကိုသာ။ထောင့်ချိုးနေရာကသိပ်မဝေးသည်မို့ ဆောနူသိပ်မလျှောက်လိုက်ရ။ထောင့်ချိုးကိုကွေ့ဝင်လိုက်သည်နှင့် ထိုထောင့်နံရံကိုကျောမှီရပ်ကာ ဘောင်းဘီအိတ်ကပ်ထဲလက်ထိုးထည့်ထားသူနှင့် မျက်နှာချင်းဆိုင်မိတော့၏။
ခပ်ငိုက်ငိုက်စောင်းထားသည့်လျှာထိုးဦးထုပ်ကြောင့် မျက်ဝန်းနက်တွေကိုမမြင်ရပေ။သို့သော် ပိရိစွာစေ့ပိတ်ထားတဲ့နှုတ်ခမ်းတစ်စုံကတော့ အပြုံးတွေကင်းမဲ့နေသည်။
ဆောနူသူ့ရှေ့မှာခြေစုံရပ်ပီးနောက် မျက်နှာပေါ်ငိုက်ကျနေတဲ့ဦးထုပ်အဖျားကိုကိုင်လိုက်လျှင် လက်ကောက်ဝတ်ကို ဖျတ်ကနဲသူဖမ်းဆုပ်တား၏။အားထည့်၍ဖျစ်ညှစ်ထားတာမဟုတ်ပေမယ့် ရုတ်တရက်မို့ဆောနူလန့်သွားသလိုဖြစ်ကာ...။