ဒုန်း!
ဘုန်း!
ခွမ်း!
ပြောင်လက်နေတဲ့နံရံကပ်စင်တွေပေါ်ရှိ အဖိုးတန်ပစ္စည်းတွေဟာတခဏချင်းမှာပင်ကြမ်းပြင်ကကြွေသားပေါ် မှာတစစီကျိုးပဲ့ပျက်စီးကုန်၏။ သိန်းပေါင်းထောင်ချီတန်တဲ့အနှိုင်းမဲ့ပန်းချီကားတစ်ချို့ဟာလည်း နံရံပေါ်ကနေတွဲလောင်းကျနေကြကာ အကျည်းတန်အနေအထားမှာ။ ကျယ်ဝန်းလှတဲ့ဧည့်ခန်းတစ်ခုလုံးရှိ အဖိုးတန်ပစ္စည်းတွေဟာပျက်စီးလုနီးပါးဖြစ်အောင်ဖျက်စီးခံထားရပေမယ့်လို့ ချယ်ရီပန်းတွေဝေနေတဲ့အလှပန်းအိုးတွေကတော့ အထိအခိုက်မဲ့စွာလှပနေဆဲ။
အဖြူရောင်ရှပ်အက်ျီကိုတံတောင်ဆစ်ပေါ်အောင်လက်ခေါက်ဝတ်ထားသည်မို့ လက်မှသွေးကြောတွေကထောင်ကြွနေ၏။စိတ်ရှိတိုင်းထိုးခွဲထားပုံရသည့် လက်ဖမိုးနှစ်ဖက်လုံးမှာတော့အသားတွေလန်နေကာ သွေးစတွေဟာကြည့်ရှူချင်ဖွယ်ရာရှိမနေ..။ခြောက်ပေကျော်မြင့်သည့်အရပ်ရှည်ကြီးနဲ့အတူ ကျယ်ပြန့်ကာသန်မာသည့်အသွင်ကိုဆောင်သည့်ရင်အုံနှစ်ဖက်က အသက်ရှူသံပြင်းပြင်းကြောင့်ဖြစ်မည်၊ရှပ်အက်ျီကြယ်သီးတွေပင်ပေါက်ထွက်လုမတတ်ကို လှုပ်ခတ်ရွေ့လျားနေတာ။
မျက်စိရှေ့မြင်မြင်သမျှအကုန်ဖျက်စီးပီးနောက် စိတ်ကျေနပ်မှုရသွားပုံရသည့်သူက ခုံရှည်ပေါ်ကိုပစ်ချထိုင်၏။ထိုအခါမှ
ဝါးသစ်စိမ်းနံ့တွေလှိုင်ထနေတဲ့ဧည့်ခန်းတစ်ခုလုံးမှာ ပြိုကျပျက်စီးသံတွေရပ်တန့်သွားရတော့သည်...။ သို့သော် အများအပြားထုတ်လွှတ်ထားတဲ့အင်အားကြီးAlphaတစ်ယောက်ရဲ့ ဖယ်ရိုမုန်းရနံ့ရဲ့ပြင်းအားကတော့ လေထုထဲကနေတဆင့်ထိုပတ်ဝန်းကျင်ရှိလူတွေအပေါ်ကိုသက်ရောက်မှုပေးနေဆဲ..။"အဲ့ဒီကောင်ကမြေခွေးထက်ပိုကောက်ကျစ်တဲ့ကောင်မို့ သတိထားပီးလုပ်ကြဖို့ကို ငါအတန်တန်ပြောခဲ့တယ်၊အခုဘာဖြစ်သွားပီလဲ မင်းတို့ပြောစမ်း!"
"တောင်းပန်ပါတယ် ဥက္ကဋ္ဌကင်၊ ကျွန်တော်တို့လူတွေကိုရအောင်ပြန်ကယ်ဖို့ကြိုးစားနေပီမလို့ ဥက္ကဋ္ဌကင်ဘက်ကအချိန်ခဏလောက်ပဲစောင့်ကြည့်ပေးပါ"