18

1.3K 201 76
                                    




"သခင်ငယ်လေးကိုဒီအတိုင်းထည့်လိုက်လို့ အဆင်ပြေပါ့မလားရေချယ်ရယ်...။လီလီတော့လေ စိတ်မချပါဘူး"


မီးဖိုခန်းဘက်မှဆိုင်အပြင်ဆီသို့မျှော်ငေးပြီး လီလီကမသက်မသာလေသံဖြင့်ဆိုရှာ၏။ရေချယ်ကတော့ အခုလေးတင်သယ်လာတဲ့အသားထည့်ထားသည့်ပုံးတွေကို ထယ်အီနဲ့အတူနေရာချနေရင်းမှ လီလီ့ကို စိတ်ချထားလို့ရပါတယ်ဆိုတဲ့သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။


"အဲ့ဒါ L*ရဲ့CEOလေလီလီ။အရင်ကလည်း သခင်ငယ်လေးနဲ့လုပ်ငန်းပက်သက်မှုရှိတဲ့သူပါ။လီလီစိတ်ပူမနေနဲ့..သခင်ငယ်လေးလည်းဆိုင်မှာရှိနေတာထက်စာရင် အခုလိုမျိုးသူဝါသနာပါတဲ့အလုပ်ဆီပြန်သွားဖို့လမ်းစရှာတွေ့သွားတာက ပိုကောင်းတယ်။အနည်းဆုံးတော့ သခင်ငယ်လေးမှိုင်တွေမနေတော့တာပေါ့"


"ဟွန်း....ရေချယ်ပြောတော့ကျလွယ်လွယ်လေး...။အဲ့ဒီလောကထဲ သခင်ငယ်လေးပြန်ဝင်သွားရင် ထပ်ပြီးဝေဖန်ကြဦးမယ့်သူတွေက ပေါ်လာကြဦးမှာ။အခုတောင် အချိန်ကြာသွားလို့ ဝေဖန်တာတွေခဏငြိမ်နေကြတာ။လူတွေအကြောင်း ရေချယ်မသိတာလည်းမဟုတ်ပဲနဲ့၊လီလီတော့ ဒီကိစ္စကိုအားမပေးနိုင်ပါဘူး"


လီလီ့စကားကို အချေအတင်ခံမပြောပဲ၊ရေချယ်နှုတ်ဆိတ်ပြီးနေလိုက်လျှင် အပိုဆုအနေနဲ့လီလီ့မျက်စောင်းကဒိုင်းကနဲပင်။
ခပ်ဟဟရယ်ပြလိုက်တော့ လီလီကမျက်နှာလွှဲကာ နှုတ်ခမ်းလေးဆူတော့သည်။

သူမ၏အိုမီဂါလေးရဲ့အမူအယာကြားမှာ ရေချယ်သဘောခွေ့နေရင်းမှ မနေနိုင်စွာတစ်ခွန်းတော့ဆိုလိုက်၏။

"ဝေဖန်သူတွေမောသွားရင် ရပ်သွားကြလိမ့်မယ်ကွယ်။ဂရုစိုက်မနေစမ်းပါနဲ့"

ဟုတ်တယ်လေ..။သူတို့ဝေဖန်လေကန်ကြလည်း ဘာအရေးလဲ။လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်။ကိုယ့်တတ်လမ်းအတွက် လမ်းစတွေ့လာရင်တော့ အခွင့်အရေးကိုဆုပ်ကိုင်ထားရမှာပဲ။

ပြဿနာတွေဖြစ်ခါစတုန်းကတော့ သခင်ငယ်လေးဒီဒဏ်တွေကိုခံနိုင်ရည်မရှိမှာစိုးရိမ်လို့ အဲ့ဒီလောကကနေ အနားယူခိုင်းခဲ့မိတာ။နောက်ပြီးတော့အဲ့ဒီလောကအကြောင်းက သိကြတဲ့အတိုင်းပဲ။နာမည်ပျက်ဖို့ပြဿနာလေးပေါ်လာပြီဆိုတာနဲ့  ဘက်ပေါင်းစုံကနေ ဆွဲချကြဖို့အသင့်ရှိနေတဲ့သူတွေချည်း..။ကုမ္ပဏီဘက်ကလည်း ကာကွယ်ပေးဖို့မဆိုနှင့်။စာချုပ်ဖျက်သိမ်းဖို့စကားစတာနဲ့ ချက်ချင်းခေါင်းညိိတ်သွားခဲ့ကြတာလေ..။

အလှလေးကို မထိပါနဲ့Where stories live. Discover now