16

1.2K 189 17
                                    



အခန်းထဲမှာ စာရွက်တစ်ရွက်ချင်းစီကို ဖျတ်ကနဲ၊ဖျတ်ကနဲလှန်နေသည့်အသံက ထင်ထင်ရှားရှားနှင့်။စားပွဲပေါ်မှာတော့ အသင့်ပြင်ထားသည့်စာချုပ်နှင့်အမြှီးဖျားမှာရွှေကွပ်ထားသည့်ဘောပင်တစ်ချောင်းကအသင့်ရှိနေသည်။


"ဥက္ကဌကင်ဘက်ကသာ သဘောတူလက်မှတ်ထိုးပေးမယ်ဆိုရင် စာချုပ်ထဲမှာရေးထားတဲ့ရပိုင်ခွင့်တွေက ဥက္ကဌကင်တို့ညီအကိုရဲ့ပိုင်ဆိုင်မှုတွေဖြစ်လာမှာပါ။တကယ်တော့ ဒုဝန်ကြီးချုပ်ဘက်ကဥက္ကဌကင်အပေါ်မှာ အတော်လေးသက်ညှာပေးထားတဲ့သဘောပါ။အမှုကိုရုတ်သိမ်းပေးပြီး၊သတင်းဖုံးပေးမယ်ဆိုတာနဲ့တင် ဥက္ကဌကင်အနေနဲ့လက်မှတ်ထိုးပေးသင့်တယ်လို့ထင်မိတယ်ဗျ"




ဘုတ်!

ဖတ်နေသည့်စာရွက်အထပ်လိုက်ကိုစားပွဲပေါ်ပစ်ချလိုက်တာဖြစ်သည်။ထိုလုပ်ရက်ကိုကြည့်ပြီး တစ်ဖက်မှရှေ့နေက မျက်ခုံးတစ်ချက်ပင့်၏။စိတ်ထဲမှာ မယုံကြည်နိုင်ခြင်းတွေရောယှက်နေတဲ့ကင်ဆောမင်ကတော့ ဘယ်သူ့မျက်နှာကိုမှမကြည့်။ခုံပေါ်မှာခါးမတ်၍ထိုင်နေပြီး မျက်နှာသေဖြင့်ရှိနေကာ..



"ဒီညှိနှိုင်းမှုကိုလက်မခံနိုင်ဘူးဆိုတဲ့အကြောင်း ခင်ဗျားတို့ဒုဝန်ကြီးချုပ်ကိုပြောလိုက်ပါ။နောက်ထပ်လာတွေ့တာမျိုးလည်း မလုပ်ပါနဲ့"




"ဥက္ကဌကင် အချိန်ယူပြီးစဉ်းစားတာမျိုးဖြစ်ဖြစ်.."






"ကျုပ်ညီကိုခင်ဗျားတို့ဒုဝန်ကြီးချုပ်နဲ့ထပ်မပက်သက်နိုင်အောင် ကျုပ်ရအောင်တားပေးမယ်။ဒီလောက်ဆိုကျေနပ်ကြပြီမလား။ခင်ဗျားတို့ရဲ့ဒုဝန်ကြီးချုပ်ဆိုတဲ့အကောင်ကိုလည်းပြန်ပြောလိုက်ပါ။တာဝန်မယူနိုင်ရင် အစတည်းကမသရမ်းနဲ့လို့!။အေး..ကျုပ်ဘက်ကလည်း ကျုပ်ညီကိုအဲ့ဒီအကောင် တာဝန်ယူမယ်ဆိုရင်တောင် ဘယ်တော့အခါမှသဘောတူမှာမဟုတ်ဘူး"

ဟိန်းကနဲထွက်လာတဲ့အသံမှာ ရှေ့နေနှစ်ယောက်ပါးစပ်ပိတ်သွားကြ၏။အသံလုံအခန်းမို့ ဥက္ကဌကင်အတွက်တော်သေးသည်ပြောရမည်။သူတို့လည်း ဆရာခိုင်းလို့သာဒီကိုရောက်လာတာ လုပ်ပေးရမယ့်ကိစ္စက ပြစ်မှုမြောက်နိုင်သည့်လုပ်ရက်မျိုးမို့ မျက်ခုံးတလှုပ်လှုပ်ရယ်။

အလှလေးကို မထိပါနဲ့Where stories live. Discover now