9 *adding part*

1.7K 193 26
                                    


*စာလုံးရေတစ်ထောင်ကျော် ထပ်ဖြည့်ထားပါတယ်ရှင်။
မနေ့ညကဖတ်ပြီးသားသူတွေက အာ့နေရာရဲ့အဆုံးက
စပြီးထပ်ဖတ်ပါနော်။ဖတ်လို့မရတာမျိုးရှိရင် ပြောပြပေးပါရှင်*




Time Skip——-




အမှုတွဲထဲပါဝင်ပက်သက်နေတဲ့လူတွေ၏ပုံကြမ်းဇယားနှင့်လုပ်ကိုင်နေသည့်စီးပွါးရေးလုပ်ငန်း၊ရာထူးအဆင့်ဆင့်ကိုပါဖော်ပြထား၏။နောက်ကွယ်ကနေထိုအမှုတွဲကိုဖန်တီးခဲ့တဲ့တရားခံရဲ့ပုံနေရာမှာတော့ စူးရဲတဲ့အကြည့်တွေနှင့်ခန့်ညားသည့်ရုပ်အသွင်ကိုဆောင်နေတဲ့ D.Sun Creativeကုမ္ပဏီ၏စီအီးအို ကင်ဆောမင်သာလျှင်ဖြစ်သည်။



"သူ့လုပ်ငန်းတွေရဲ့လည်ပတ်မှုက အခြေအနေဘယ်လိုရှိလဲ"


အံကြိတ်ထားသည်ကြောင့် ဒုဝန်ကြီးချုပ်၏မေးရိုးနှစ်ဖက်ကထင်ရှားနေလျက်။မှုခင်းစုံထောက်အရာရှိကတော့ သူယူလာတဲ့မှတ်တမ်းဖိုင်လ်ကိုဖွင့်ဟပီး ဒုဝန်ကြီးချုပ်ရှေ့သို့ချပေးကာ..

"လုပ်ငန်းအတွင်းငွေလည်ပတ်မှုခက်ခဲနေတဲ့အခြေအနေပါ ဒုဝန်ကြီးချုပ်။လက်ရှိClothingကုမ္ပဏီကလည်း အယောင်ပြပဲရှိနေတာပါ။ဒါကသူ့ကုမ္ပဏီကနေရရှိတဲ့အမြတ်တွေကို တစ်ဖက်ကလက်နက်သိုလှောင်ရုံထဲလွှဲသုံးထားတဲ့စာရင်းပါ"

အနီမျဉ်းအပြည့်နီးပါးဖြစ်နေတဲ့ဝင်ငွေစာရင်းချုပ်မှာ ငွေလွှဲငွေပြောင်းတွေကိုလည်း အကြိမ်ကြိမ်တွေ့နေရ၏။စုံစမ်းမှုကအသေးစိတ်သည်မို့ ရလာသည့်ရလာဒ်ကလည်းဟာကွက်ရှိမနေ။ဖမ်းဆီးထိန်းသိမ်းထားသည့် ထိုတရားခံ၏နောက်လိုက်တွေကတော့ ယခုအချိန်ထိအနှိပ်စက်ခံကာ သူ့အထက်လူကြီးအပေါ် သစ္စာစောင့်သိနေကြဆဲ..။ထို့ကြောင့်ပင် ဒီအမှုကိုဖော်ထုတ်ရာမှာ အချိန်ကြာနေခဲ့ရတာဖြစ်သည်၊၊



"မင်'လုပ်ငန်းစုနဲ့ကြားက အပေးအယူကရောဘာဖြစ်နိုင်မလဲ"




"သူတို့ကြားမှာသီးသန့်စာချုပ်ရှိနေနိုင်မယ်ထင်ပါတယ် ဒုဝန်ကြီးချုပ်။အဲ့ဒီစာချုပ်ကိုတော့ ကျွန်တော်တို့စုံစမ်းနေဆဲပါ။နောက်ပြီး"


အလှလေးကို မထိပါနဲ့Where stories live. Discover now