4

1.4K 211 20
                                    


"သဘက်ခါScheduleမှာ ညနေပိုင်းfreeထားပေးပါ"


"နားလည်ပါပြီ ဒုဝန်ကြီးချုပ်"


ဒုဝန်ကြီးချုပ်က ဝိုင်ခွက်အဖြူကိုလက်ထဲမှာဖြေးညှင်းစွာလှုပ်ခါနေ၏။လက်ထောက်ဖြစ်သူကတော့ ဒုဝန်ကြီးချုပ်ရဲ့နောက်မှာခပ်ရို့ရို့ရပ်ကာ အမိန့်သံတိုးတိုးကိုဂရုပြု၍နားထောင်သည်။

ဒီနေ့တတ်ရတဲ့ပွဲက အခွန်ပုံမာန်​ပေးဆောင်သည့် အနုပညာရှင်တစ်ချို့ကို ဆုတံဆိပ်ချီးမြှင့်ပေးတဲ့အခမ်းအနား။ဒါကလည်း ဘဏ္ဍာရေးဝန်ကြီးဘက်ကတစ်နှစ်တစ်ခါစီစဉ်ကျင်းပတဲ့ပွဲ။ရည်ရွယ်ချက်ကတော့ လူသိများတဲ့လူတွေကိုတားဂတ်ထားဂုဏ်ပြုပေးပီး လူအများရဲ့အသိစိတ်ထဲ အခွန်ဆောင်ရမည့်တာဝန်ကိုထည့်ပေးခြင်းပင်။

ထိုစဉ်

ဒုဝန်ကြီးချုပ်ရှိနေတဲ့စားပွဲဝိုင်းဆီသို့ ဘဏ္ဍာရေးဝန်ကြီးကဆိုက်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ဘေးမှာလည်း Suitဝတ်ထားတဲ့လူအနည်းငယ်ခြံရံလျက်ဖြင့်..။

"ပွဲကိုတတ်ရောက်လာပေးတဲ့အတွက် အထူးကိုကျေးဇူးတင်မိပါတယ်ဒုဝန်ကြီးချုပ်။ပွဲတတ်ပေးမယ်ဆိုတဲ့အဖြေရထားပေမယ့် ဒုဝန်ကြီးချုပ်ရောက်မလာခင်အထိ စိတ်မအေးနိုင်ဖြစ်နေမိတာဗျာ။ဒါကအရင်တခါကျွန်တော်မိတ်ဆက်ပေးချင်တယ်ဆိုတဲ့ ကျွန်တော့်ရဲ့သားပါ"

ဘဏ္ဍာရေးဝန်ကြီးဘဲ့က ဘေးမှာပါလာတဲ့သားဖြစ်သူကို အချက်ပြသလိုခေါင်းငဲ့ကြည့်၏။ထိုအခါမှ နို့နှစ်ရောင်Suitဝတ်ထားတဲ့ကောင်ငယ်လေးက အပြုံးနုနုဖြင့်ရှေ့သို့ခြေတစ်လှမ်းတိုးကာ...




"ပထမဆုံးတွေ့ဆုံခြင်းပါ ဒုဝန်ကြီးချုပ်။ကျွန်တော့်နာမည် ဘဲ့ဂျွန်ယောင်းပါ"





"တွေ့ရတာဝမ်းသာပါတယ်။ပတ်ခ်ဆောင်းဟွန်းပါ"

လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်တန်းပေးမိလျှင် တစ်ဖက်ကောင်လေးရဲ့ပါးပြင်မှာသွေးရောင်လွှမ်းသွား၏။ဒါကိုရိပ်မိသွားသည့်ဒုဝန်ကြီးချုပ်ကနှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်ကို လက်ထောက်ဖြစ်သူမှာ ကွက်ကွက်ကွင်းကွင်းမြင်လိုက်သေးသည်။


အလှလေးကို မထိပါနဲ့Where stories live. Discover now