ရှိုက်သံကိုမထိန်းလိုက်နိုင်တော့ ဆောနူ့အသံက ဟင့်ကနဲ။သူ့ရှေ့မှာအားနည်းသယောင်ဖြစ်နေမိတဲ့ကိုယ့်ပုံစံကိုယ်ပြန်တွေးမိတော့ ကိုယ်ပေါ်မှသူ့လက်တွေကိုထပ်ဖယ်ချပစ်လိုက်၏။"ကျွန်တော့်ကို မအော်နဲ့!"
"ဟ!မင်းကငါချော့ပြောတော့ရော ရလို့လား။ကျစ်!မရုန်းစမ်းနဲ့!"
ကျစ်!တဲ့။ဒါ သူဆောနူအပေါ်ကိုစိတ်ပျက်နေတာ။
လူကိုခါးကနေသူ့လက်တစ်ဖက်တည်းနဲ့ပွေ့သိမ်းဖက်ပြီး၊မျက်မှောင်ကျုံ့၍လည်းကြည့်နေသေး၏။ဒီလိုမျက်နှာကြီးနဲ့လူကိုစိတ်မရှည်သလိုပြုမူနေပြီး မရုန်းဖယ်တာကိုလည်းလိုချင်နေသေးတယ်။အဆိုးဆုံးက သူဆောနူကိုအော်ငေါက်တာပဲ။ချိုချိုသာသာနဲ့ပြောမှကြိုက်တယ်ဆိုတာကို သူသိနေပါရက်နဲ့..။
"မင်းအကို'ကိုထောင်ထဲထည့်လို့ ငါ့ကိုမကျေနပ်နေတာလား"
ဆောနူ့မျက်နှာပိုတင်းသွား၏။နားရွက်ဖျားတွေအထိ နီရဲလာတာဖြစ်သည်။သူ့ရင်ခွင်ထဲကနေမော့ကြည့်လိုက်တော့ ဆောနူကိုခပ်စိမ်းစိမ်းစိုက်ကြည့်နေတဲ့မျက်ဝန်းနက်တွေနှင့်တေ့ဆိုင်မိသွားကာ...
"ကျွန်တော့်ကို မရွဲ့နဲ့"
"ဟ!ရွဲ့တာတွေဖဲ့တာတွေငါစိတ်မဝင်စားဘူး ဆောနူ။ငါအတည်မေးနေတာ။မင်းက မင်းအကိုမျက်နှာတစ်မ္ဘာလို့သတ်မှတ်ထားတဲ့သူမလား..။အဲ့ဒါမို့ အခုရော မင်းငါ့အပေါ်ဘယ်လိုစိတ်ဖြစ်နေလောက်လဲဆိုတာကို ငါခန့်မှန်းကြည့်နေတာ"
မျက်ဝန်းညိုတွေထဲခပ်နက်နက်စိုက်ကြည့်ကာမေးလိုက်တော့ မျက်နှာပျက်ပြီးဘေးလွှဲသွား၏။ဆောင်းဟွန်းနှုတ်ခမ်းမဲ့လိုက်ပြီးမှ သူ့မေးဖျားကိုပြန်ဆွဲယူလိုက်သည်။
မျက်နှာလွှဲသွားလို့မရဘူးဆောနူ...မင်းကိုယ့်ကိုကြည့်နေမှဖြစ်မယ်။
"ပြောပါဦး...ဒီကောင်က အလိုလိုနေရင်းစွန့်ပစ်ခံလိုက်ရတဲ့ဘဝကနေ အမုန်းခံဘဝကိုရောက်နေပြီလားဆိုတာကို ဒီနှုတ်ခမ်းလှလှလေးတွေနဲ့ ပြောစမ်းပါဦး..ဟင်..."