အခန်းတွင်းအအေးချိန်ကိုမြှင့်တင်ထားသည့်အခန်းထဲတွင် လက်ဖျားထိပ်ဖြင့် aluminumစားပွဲကိုခေါက်နေတဲ့အသံက စည်းချက်ညီလျက်။အားရကျေနပ်နေတဲ့မျက်နှာထားကတော့ လွန်ခဲ့တဲ့မိနစ်ပိုင်းကမှ အသစ်ဝင်လာတဲ့မေးလ်တစ်စောင်ကြောင့်ပင်ဖြစ်၏။မိနစ်တစ်ချို့ကုန်လွန်ပြီးနောက်မှာတော့ လက်တစ်လှမ်းအကွာအဝေးရှိဆက်သွယ်ရေးဖုန်းကို ကင်ဆောမင်ကောက်ကိုင်လိုက်တော့သည်။နှုတ်ခမ်းတစ်စုံမှာလည်း အပြုံးစသီလျက်ဖြင့်...။
"ဝင်လာခဲ့ ရေချယ်"
ပြောပီးသည်နှင့်ဖုန်းကိုချလိုက်၏။ချက်ချင်းဆိုသလို တံခါးခေါက်သံနှင့် အနက်ရောင်Suitကိုဝတ်ထားတဲ့ရေချယ်က ဆောမင်ရှေ့မှာရပ်နှင့်လျက်သား။ဒီနေ့က ငယ်လေးဘာscheduleမှမရှိတဲ့နေ့မို့ ရေချယ်ရုံးမှာလာထိုင်နေခြင်းပင်။
"ကမ်းလှမ်းမှုအသစ်ပဲ ရေချယ်"
ကွန်ပြူတာScreenကို သူမဘက်လှည့်ပြလိုက်၏။ခါးကိုကုန်းကာ မေးလ်ကိုဂရုတစိုက်ဖတ်နေတဲ့ရေချယ်၏မျက်ဝန်းတွေက စူးရှနေလျက်။စက္ကန့်တစ်ချို့ကျော်လွန်အပြီးမှာတော့ ရေချယ့်မျက်နှာမှာဝေခွဲမရတဲ့အမူအယာကထင်ဟပ်နေကာ...။
"အန္တရာယ်များလွန်းတယ်လို့ထင်ပါတယ် ဥက္ကဌကင်။အသေးစားလွဲချော်မှုလေးဆိုရင်တောင် ရိုက်ခတ်မှုကကြီးမားသွားနိုင်ပါတယ်"
"အကျိုးအမြတ်ကိုရောမင်းတွေ့ရဲ့လားရေချယ်။ကိုယ်တို့လုပ်ငန်းက အစတည်းကကြိုးတန်းပေါ်လမ်းလျှောက်ရတဲ့အလုပ်ပဲမဟုတ်လား။"
"ဒါပေမယ့်"
ပါးစပ်တပြင်ပြင်လုပ်နေတဲ့သူကို ကင်ဆောမင်လက်ကာပြလိုက်ပီး ကွန်ပြူတာကိုမိမိဘက်ပြန်ဆွဲယူလိုက်၏။ထို့နောက် မေးလ်တစ်စောင်ကိုသွက်လက်စွာရိုက်ကာ စာပြန်လိုက်ပီးနောက်။
"ကိုယ့်လူတွေအဖမ်းခံထားရပီး ခြေရာပျောက်နေတဲ့ကိစ္စကိုကိုယ်သိတယ်ရေချယ်။ခုချိန်မှာ ဆင်ခြင်ပီးနေရမယ်ဆိုတဲ့မင်းတို့အတွေးတွေကို ကိုယ်ဆန့်ကျင်လိုက်တာမဟုတ်ဘူး။လုပ်ငန်းကလည်ပတ်မှဖြစ်မှာမို့...။မင်းသိပါတယ်ရေချယ် ကိုယ်အခုဘယ်လိုအခြေအနေနဲ့ရင်ဆိုင်နေရမှန်းကို။ဒီတစ်ခါ ကိုယ်တို့လက်နက်တိုက်ကနေပစ္စည်းတွေလျောလျောရှူရှူနဲ့တစ်ဖက်ကို တင်ပို့လိုက်နိုင်ရင် ကိုယ့်အခက်အခဲတွေအဆင်ပြေပီ။အဲ့ဒီအချိန်ကျရင်တော့ ကိုယ်ခဏနားထားဖို့စဉ်းစားထားပါတယ်..အခုတော့ ဒီကိစ္စကိုလက်ခံထားပီလို့သိထားလိုက်"