*Finalဆိုပြီး စိတ်လောပြီးမဖတ်ပါနဲ့ရှင်*>>
"ရအောင်ယူဆိုတုန်းက မင်းပဲတုံ့နှေးနေခဲ့တာမဟုတ်ဘူးလားကွ!အခုချိန်မှ အရက်ခွက်ထဲခေါင်းစိုက်မနေစမ်းနဲ့၊ကုမ္ပဏီလည်းမလာ၊အခန်းထဲကလည်းမထွက်နဲ့ မင်းဘယ်အချိန်ထိ ဒီလိုမျိုးမူးရူးနေဦးမှာလဲ မင်ဂျယ်ဟျောင်း!!!"
"ကျွန်တော့်ကိုလွှတ်ထားပေးပါ"
"ကျစ်!ဒီနေ့တော့ထားလိုက်တော့။မနက်ဖြန်ကစပြီး မင်းကုမ္ပဏီကိုပြန်လာဖို့ စိတ်ရောလူရောအသင့်ပြင်ထား"
ပြောဆိုပြီးသည်နှင့် ချဉ်စော်ထနေသည့်အခန်းထဲမှ ဥက္ကဌမင်ထွက်ခဲ့လိုက်၏။ဟိုကောင်လေးရဲ့ မဂ်လာသတင်းကြားပြီးတည်းက သားကပုံစံတွေပြောင်းသွားတာ..။ကုမ္ပဏီကိုဆိုခြေဦးတောင်မလှည့်တော့။အချိန်ပြည့် ဘားတွေ၊ကလပ်တွေမှာအချိန်ကုန်နေတတ်လေ့ရှိကာ အိမ်ပြန်လာတော့လည်း အခန်းအောင်းပြီး သောက်နေတတ်တာမျိုးပင်။
ထားပါတော့...ဒါတွေက။အချိန်အတိုင်းအတာတစ်ခုအထိတော့ သားကိုလွှတ်ပေးထားမှဖြစ်မည်မှန်းရိပ်မိသည်မို့ ဥက္ကဌမင်မတားမိ။ကိုယ်တိုင်လည်း ကင်လုပ်ငန်းစုကိုလက်ဝါးကြီးအုပ်ပြီးကာမှ ချောက်နက်ထဲထိုးကျသလိုဖြစ်နေတာမို့ စီးပွါးရေးအခြေအနေက ယိုင်လုလု..။
ကင်ဆောမင်ကပဲ အမြဲကိုယ့်အထက်မှာရှိနေရမယ့်ကံဇာတာပါနေသလားတော့မသိပေ။သူထောင်နန်းစံရအောင် တွန်းပို့ပေးခဲ့တာကိုယ်တိုင်ပေမယ့် အခုတော့အဲ့ဒီအမှုတွဲထဲ ကိုယ့်ကိုပါဆွဲထည့်ခံရနေတာမဟုတ်လား။ဒီကြားထဲ အခွံပဲကျန်ခဲ့တဲ့ကင်လုပ်ငန်းစုကို ရယူမိလို့ အစစ်အဆေးတွေက အခုထိမပြီးဆုံးနိုင်သေး။
ဖြစ်ချင်တော့ အဲ့ဒီကောင်ကို အနိုင်ပိုင်းလိုက်နိုင်ပြီလို့တွေးနေချိန်မှာမှ နိုင်ငံရဲ့ဒုဝန်ကြီးချုပ်ကသူ့ညီရဲ့အမျိုးသားတဲ့လေ..။
သူတို့အချင်းချင်း အရှုပ်တွေဘယ်လောက်ရှိရှိ အခုနောက်ဆုံးကြားထားရတဲ့သတင်းအရကတော့ ကင်ဆောမင်နဲ့ဒုဝန်ကြီးချုပ်ကပြေပြေလည်လည်ရှိနေကြပြီဆိုတာပဲ။