Introduction

442 20 2
                                    

Title:HOW TO CHANGE

Author:Khun MAME

Translator:Yurio Kuco

Length:TBA

Main pair:Technic ♥ Tay


"​ဟေ့​ကောင်​​တွေ N'Nicက Gayတဲ့ "

" အင်း​လေ သူက Gay "

ဘွဲ့ကြိုအင်​ဂျင်​နီယာ​ကျောင်းသား​တွေရဲ့အ​ဆောက်​အအုံ လျှပ်​စစ်​ပိုင်းဆိုင်​ရာဌာနမှာ ​ကောင်​​လေးတစ်​​ယောက်​ဟာ Reportတင်​ဖို့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ကူညီ​ပေး​နေတဲ့သူငယ်​ချင်းအုပ်​စုထဲဝင်​ထိုငိလိုက်​ပြီး အထက်​ပါစကားလုံး​တွေကို​ပြောလိုက်​တယ်

ပြောတာ​တောင်​မှရိုးရိုး​ပြောတာမဟုတ်​ဘူး မျက်​နှာကလုံးဝကြီးကိုအတည်​​ပေါက်​ပုံစံနဲု့ကမ္ဘာကြီးတစ်​ခုလုံးကိုစာရွက်​​လေးတစ်​ရွက်​လိုလက်​ဝါးကြီးအုပ်​နိုင်​မယ့်​အစွမ်း​တွေရှိတဲ့ပုံစံနဲ့​ပြော​နေတာ

သူ​ပြောလိုက်​တဲ့စကားလုံး​တွေ​ကြောင့်​ တစ်​ဖက်​ဝိုင်းကလူ​တွေကသူ့ကိုဘာလဲဟဆိုတဲ့အကြည့်​နဲ့ကြည့်​ကြ​ပေမယ့်​ သူ့သူငယ်​ချင်း​တွေက​တော့သူ့ကိုတစ်​ချက်​​လေး​တောင်​မကြည့်​ပဲ သူ​ပြောသမျှကို​နောက်​ကFollowလိုက်​​နေတယ်

"Hoie မင်းတို့ငါ့အတွက်​ နည်းနည်း​လေး​တော့စိတ်​လှူပ်​ရှား​ပေးကြပါဦးဟ ​နောက်​ဆုံး​တော့ ငါ့အသည်း​လေးကGayတစ်​​ယောက်​ဖြစ်​လာခဲ့ပြီ "

"Errrr......ဟုတ်​လာာာာာားးးး..........N'Nic ​နောက်​ဆုံး​တော့မင်းရဲ့အသည်း​လေးက​ကောင်​​လေးတစ်​​ယောက်​ကိုကြိုက်​သွားပြီ​ပေါ့ "

"စိတ်​လှူပ်​ရှားတဲ့အ​နေအထားကိုနည်းနည်း​လောက်​ထပ်​မြှင့်​လိုကိဦး ငါ့လို​လေး ငါ့လို​လေး"

" ဟာ ငါအရမ်းကိုစိတ်​လှူပ်​ရှား​နေတာပဲ သိလား ဟို​ကောင်​ ဒီအရူး​ကောင်​အပျင်း​ပြေ​အောင်​ခုန်​တာဖြစ်​ဖြစ်​ ကတာဖြစ်​ဖြစ်​တစ်​ခုခုလုပ်​ပြလိုက်​ ငါဒီမှာစိတ်​ညစ်​လွန်းလို့​သေချင်​​နေပါတယ်​ဆိုမှ "

Tayရဲ့တိုက်​တွန်းသံ​နောက်​မှာ သူ့သူငယ်​ချင်းကမျက်​လုံးကိုလှန်​ကြည့်​လိုက်​ပြီး သူ​ဘေ့းမှာထိုင်​​နေတဲ့သူကို သူတို့ထိုင်​​နေတဲ့​နေရာရဲ့မလှမ်းမကမ်းကိုညွှန်​ပြလိုက်​တယ်

HTCWhere stories live. Discover now