အင်ဂျင်နီယာဌာနက P'Tay
"Ha ha ha မင်းဘာပြောလိုက်တယ် တစ်ခါလောက်ထပ်ပြောပါဦး "
"မင်းနားနှစ်ဖက်လုံးကန်းနေတာလား ငါ့ရှေ့ကိုဒီလောက်ကြီးထိကြီးတဲ့နှင်းဆီပန်းစည်းကြီးနဲ့လာပြီးတော့ဝန်ခံတာပါဆိုနေ"
"ယောကျာ်းလေး???"
"အာ ဒီခွေးကောင်ကတော့"
"Ha ha ha ha.....Ha ha ha....အောင်မယ်လေး ငါထပ်မရယ်နိုင်တော့ဘူး အူတွေနာနေပြီ "
အကယ်၍များ တစ်ယောက်ယောက်က ဒိအချိန်မှာဘာကိုအလုပ်ချင်ဆုံးလဲလို့မေးလာခဲ့ရင် မဆိုင်းမတွပြန်ဖြေမိမှာက အရှေ့ကကောင်ကိုလည်ပင်းညှစ်သတ်ပြီးမြေချလိုက်ဖို့ပဲလို့
ကျွဲဖင်လိုမည်းသည်းနေတဲ့မျက်နှာနဲ့ မျက်မှောင်ကြုတ်ပြီးထိုင်နေတဲ့ Technicဟာ သူ့အဖြစ်အပျက်ကိုမဟားတရားအော်ရယ်နေတဲ့သူ့အချစ်ဆုံးသူငယ်ချင်းရဲ့တိုက်ခန်းထဲမှာရောက်နေပါတယ်
လွန်ခဲ့တဲ့နှစ်နာရီကအဖြစ်အပျက်ကိုပြန်စဉ်းစားလိုက်ရင် ကြက်သီးတွေတစ်ဖြန်းဖြန်းထပြီးသွေးပါတက်ချင်လာတယ်
"သူကမင်းကိုပန်းစည်းကြီးထိုးပေးတော့မင်းဘာလုပ်လဲ"
" မင်းတိုက်ခန်းဆီကိုချက်ချင်းအပြေးလာခဲ့တာပေါ့ "
"အား ငါရယ်ချင်လာပြန်ပြီ "
"လူယုတ်မာကောင်"
ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့အထိရယ်နေတဲ့ Klaကိုကြည့်ပြီး Technicဆဲဆိုလိုက်တယ် သူ့ကြည့်ရတာ ဒီအခြေအနေကိုစောက်ရမ်းသဘောကျနေတဲ့ပုံပဲ တစ်သက်လုံးထိန်းလာတဲ့ Imageတွေကိုဖျောက်ပြီးအားရပါးရအော်ရယ်နေတာများ
နောက်ဆုံးတော့ဘယ်လိုမှကိုသူသည်းမခံနိုင်တဲ့အထိပါပဲ
ဘုန်း
"မင်းငါ့ကိုအနိုင်ကျင့်လိုက်တာလား N'Nic မင်းဒေါသတွေပြေဖို့ဟောဒီကအစ်ကိုကြီးKlaကိုလာကန်တယ်ပေါ့ ဆောရီးပဲ ညီလေး ကိုကြီးကမိန်းမရှိပြီးသားလေ ပြီးတော့ကိုကြီးမိန်းမကို ကိုကြီးဘယ်လောက်ချစ်လဲဆိုတာ ညီလေးအမြင်ပဲ"
YOU ARE READING
HTC
RomanceTitle:HOW TO CHANGE Author:Khun MAME Translator:Yurio Kuco Length:TBA Main pair:Technic ♥ Tay ယူရီအိုဒီဟာကိုရေးတာနဲ့ပတ်သတ်ပြီးနည်းနည်းလောက်ရှင်းပြချင်ပါတယ် How to Changeက အရင်တစ်ခြားလူဘာသာပြန်ပြီးသားရှိပါတယ်နော် ဒါပေမယ့်လည်းသူကအပိ...