"Woahhhhh Ai'Tayက သူ့ N'Nicရဲ့လက်ကို သေချာကိုင်ထားတာပဲ စောက်ရမ်းမိုက်တယ် အင်ဂျင်နီယာကျောင်းသားပီသလွန်းတယ်ကွာ "
ရုတ်တရက်
Technicအနောက်ကနေစနောက်သံတွေကြားလိုက်ရတာမို့သူလုပ်နေတဲ့အလုပ်ကိုရပ်တန့ိလိုက်တယ်
အနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါ ကျောင်းဝတ်စုံတွေဝတ်ထားတဲ့ကျောင်းသားအုပ်စုကြီးက သူတို့ကိုကြည့်နေတယ် ပြီးတော့သူတို့ပြောတဲ့စကားတွေအရအရှေ့မှာရပ်နေတဲ့အစ်ကိုကြီးရဲ့အသိတွေ ဒီတော့ အဲ့ဒီကျောင်းသားတွေကအင်ဂျင်နီယာဌာနကကျောင်းသားတွေပဲနေမှာ
Tayကသူ့သူငယ်ချင်းတွေကိုမြင်တာနဲ့တစ်ပြိုင်နက် ဆုပ်ကိုင်ထားတဲ့သူတို့လက်တွေကိုမြှောက်ပြလိုက်တယ်
"ငါ့N'Nicကလေးကချစ်စရာလေးနော် ဟုတ်တယ်မလား "
Technicလက်မောင်းမှာရှိတဲ့အမွှေးတွေအားလုံးချက်ချင်းထောင်လာပြီး ကြက်သီးတစ်ဖြန်းဖြန်းထသွားရတယ် သူချက်ချင်းလက်ကိုပြန်လွှတ်ဖို့ကြိုးစားပေမယ့် P'Tayကသူ့လက်ကိုအမိအရဖမ်းဆုပ်ထားတယ် တစ်ကယ်ပဲ မလွယ်လိုက်တာ တစ်ယောက်ယောက်ငါ့ကိုလာကယ်ကြပါဦးလား
Technicလက်ကိုမနည်းဆွဲဖြုတ်လိုက်ပြီးချက်ချင်းလှည့်ထွက်ခဲ့တယ် မျက်နှာမဲ့တဲ့တဲ့ဖြစ်နေတဲ့အစ်ကိုကြီးကိုလည်းဂရုမစိုက်မိတော့ဘူး သူဂရုစိုက်တာကသူတို့နှစ်ယောက်လက်ကိုင်နေကြပါတယ်ဆိုပြီး မဟုတ်ကဟုတ်ကသတင်းတွေလိုက်ဖြန့်မယ့်ကျောင်းသားတွေကိုပဲ
Shit ငါဒါကိုမဖြစ်မနေပြန်ပြင်ရတော့မယ်
"Hey N'Nic စောင့်ပါဦး P'မင်းကိုလိုက်ပို့ပေးမယ်လေ "
ဒါကလုံးဝကိုပြင်ရမယ့်ဟာပဲ ဘာကိုစောင့်နေတာလဲ ပြေးတော့လေ လွတ်အောင်ပြေး အရူးလိုစောင့်မနေနဲ့ ဖင်လေးဆွဲမနေနဲ့ပြေးသာပြေး
YOU ARE READING
HTC
RomanceTitle:HOW TO CHANGE Author:Khun MAME Translator:Yurio Kuco Length:TBA Main pair:Technic ♥ Tay ယူရီအိုဒီဟာကိုရေးတာနဲ့ပတ်သတ်ပြီးနည်းနည်းလောက်ရှင်းပြချင်ပါတယ် How to Changeက အရင်တစ်ခြားလူဘာသာပြန်ပြီးသားရှိပါတယ်နော် ဒါပေမယ့်လည်းသူကအပိ...